Love Contractually
ဒီတစ်ခေါက်မှာတော့ အချစ်ရေးအဆင်မပြေမှုတွေကြားမှ စာချုပ်တစ်ခုနဲ့ စတင်ခဲ့တဲ့ "Love Contractually 2016"ဆိုတဲ့ တရုတ်အချစ်ဟာသ နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း "အချစ်ကို မယုံကြည်တဲ့ အမျိုးသမီးနဲ့ ကံကြမ္မာက ဖန်တီးပေးလိုက်တဲ့ အမျိုးသားတို့တွေ့ဆုံကြရာ..." ယဲ့ကျင်းဟာ အောင်မြင်တဲ့ ကုမ္ပဏီတစ်ခုကို ဦးဆောင်နေတဲ့ CEO တစ်ယောက်ပါ။ အလုပ်မှာ ပြတ်သားပြီး စည်းကမ်းကြီးသလောက် အချစ်ရေးမှာတော့ သူမဟာ လှည့်စားခံခဲ့ရဖူးတာကြောင့် ဘယ်ယောကျ်ားကိုမှ မယုံကြည်တော့ပါဘူး။ ဒါပေမဲ့ သူမမှာ ကိုယ်ပိုင်မိသားစုတစ်ခုနဲ့ ကလေးတစ်ယောက် လိုချင်တဲ့ ဆန္ဒလည်းရှိနေပါတယ်။ဒါကြောင့် သူမဟာ ဖခင်ကောင်းတစ်ယောက်ဖြစ်နိုင်မယ့် "မျိုးဥအလှူရှင်" တစ်ယောက်ကို သူ့ရဲ့အတွင်းရေးမှုးအဖြစ်ခန့်ထားရန် ရှာဖွေပါတော့တယ်။ ဒီလိုနဲ့ စိတ်သဘောထားဖြူစင်ပြီး ဆိုင်ကယ်စီးရတာ ဝါသနာပါတဲ့ ရှောင်ပေါ် နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ငွေကြေးအခက်အခဲရှိနေတဲ့ ရှောင်ပေါ်ဟာ ယဲ့ကျင်းရဲ့ တင်းကျပ်လှတဲ့ စည်းကမ်းတွေကို လက်ခံပြီး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ရှောင်ပေါ်ဟာ အစပိုင်းမှာ စည်းကမ်းကြီးပြီး ဇီဇာကြောင်တဲ့ ယဲ့ကျင်းရဲ့ထူးဆန်းတဲ့အပြုအမူတွေကို နားမလည်နိုင်တာကြောင့် မျိုးဥလှုဒါန်းရမယ့်အစီအစဉ်ကို လက်မခံနိုင်ခဲ့သော်လည်း ယဲ့ကျင်းရဲ့ ငယ်ဘဝမှာကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို သိရှိသွားတဲ့အခါမှာတော့ သူဟာ လက်ခံသဘောတူပြီး ယဲ့ကျင်းနဲ့အတူ ဖန်ပြွန်သန္ဓေသားထည့်ရန်အတွက် ပြင်သစ်နိုင်ငံကို သွားရောက်ခဲ့ပါတော့တယ်။သူတို့နှစ်ယောက်ဟာ ပြင်သစ်နိုင်ငံရဲ့ လှပတဲ့ နော်မန်ဒီကမ်းခြေဆီကို ခရီးထွက်ခဲ့ကြရင်း... အလုပ်ရှင်နဲ့ အလုပ်သမား စာချုပ်နဲ့ ချည်နှောင်ထားသူတွေအဖြစ်ကနေ ရင်ခုန်စရာ သံယောဇဉ်တွေ စတင်လာတဲ့အခါမှာတော့ "ငါက ကလေးပဲ လိုချင်တာ အချစ်ကို မလိုချင်ဘူးဆိုတဲ့ ယဲ့ကျင်းနဲ့... ယဲ့ကျင်းရဲ့နှလုံးသားကိုပါ ခိုးယူသွားခဲ့တဲ့ ရှောင်ပေါ်တို့ရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာဇာတ်လမ်းလေးကို ဟာသအလွဲလေးတွေနဲ့အတူ ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင်တော့ ပြင်သစ်နိုင်ငံရဲ့ လှပတဲ့ ရှုခင်းတွေအပြင်.... မိသားစုအဓိပ္ပါယ်နဲ့ သံယောဇဉ်နှောင်ကြိုးတွေကို ထိထိမိမိ ရိုက်ကူးပြသထားသော ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း