Raise the Red Lantern
အခုတစ်ခေါက်ဇာတ်ကားလေးကတော့ ဒါရိုက်တာ Zhang Yimouရဲ့ ဂန္တဝင်လက်ရာတစ်ကားဖြစ်တဲ့ Raise the Red Lantern (1991) ဆိုတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ တရုတ်ရုပ်ရှင်လောကရဲ့ ပြောင်မြောက်လှတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဒီကားလေးဟာ ၁၉၂၀ ပြည့်နှစ်တွေက တရုတ်ပြည်ရဲ့ ရှေးရိုးစွဲစနစ်တွေကြားထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီးတွေရဲ့ ဘဝကို အရောင်အသွေးအနုပညာနဲ့ ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသူလေး စုန့်လျန်ဟာ ဖခင်ကွယ်လွန်သွားပြီးနောက် ဆင်းရဲတွင်းက လွတ်ဖို့အတွက် ချမ်းသာတဲ့ ချန်မိသားစုရဲ့ စတုတ္ထမြောက် သခင်မလေး (သခင်မ၄) အဖြစ် ချန်အိမ်တော်ကို ဝင်ရောက်ခဲ့ရပါတယ်။ အဲဒီအိမ်တော်မှာ နေ့စဉ် မီးပုံးနီတွေကို ဘယ်အဆောင်မှာ ထွန်းမလဲဆိုတဲ့အပေါ် မူတည်ပြီး သခင်ကြီးရဲ့ မျက်နှာသာပေးမှုကို ရယူဖို့အတွက် သခင်မ လေးယောက်က အားပြိုင်ကြရပါတယ်။ မီးပုံးထွန်းခံရတဲ့ အဆောင်က အထူးအခွင့်အရေးတွေကို ရရှိလို့ ဖြစ်ပါတယ်။ မီးပုံးနီတွေဟာ အခွင့်အာဏာနဲ့ဂုဏ်သိက္ခာကို ကိုယ်စားပြုပေမဲ့ တစ်ဖက်မှာလည်း အမျိုးသမီးတွေအတွက် သွေးစွန်းတဲ့ လှောင်အိမ်တစ်ခု ဖြစ်နေပါတော့တယ်။ စုန့်လျန်ဆိုတဲ့ အပြစ်ကင်းတဲ့ ကျောင်းသူဘဝကနေ ဖြည်းဖြည်းချင်း လောဘ ဒေါသနဲ့ မနာလိုမှုတွေကြားထဲ ရူးသွပ်သွားတဲ့အထိ ပြောင်းလဲသွားတဲ့ သခင်မ၄ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အမျိုးသမီးတွေကြားက မနာလို ဝန်တိုမှု ကောက်ကျစ်ယုတ်မာမှု အတောမသတ်နိုင်တဲ့ လောဘနောက်ကို လိုက်ရင်း နောက်ဆုံး ရှေးရိုးစွဲစနစ်တစ်ခုအောက်မှာ သားကောင်ဖြစ်သွားရတဲ့အခါ.... ဒီလို စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ ချန်အိမ်တော်ကြီး အကြောင်းကို လှလှပပ ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း