ဇာတ်ကားများ ရွေးရန်

Outcome

2026ဇာတ်ကားအမှတ် 6/10Web-dl 4K SDR

"Outcome" (၂၀၂၆) ကတော့ Apple TV+ ကနေ အသစ်ထွက်ရှိထားတဲ့ အမိုက်စား Dark Comedy ဇာတ်ကားသစ်လေးပါ။ ဒီကားကို နာမည်ကြီး သရုပ်ဆောင် Jonah Hill ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားသလို၊ ပရိသတ်အချစ်တော် အက်ရှင်မင်းသားကြီး Keanu Reeves က John Wick လို အက်ရှင်ကားတွေနဲ့ လုံးဝမတူတဲ့ ပုံစံမျိုးနဲ့ အဓိက ခေါင်းဆောင် ပါဝင်ထားပါတယ်။ မင်းသမီးကြီး Cameron Diaz လည်း ဒီကားနဲ့ အနုပညာလောကထဲ ပြန်ဝင်လာတာပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက ဟောလိဝုဒ်ရဲ့ နာမည်ကြီး အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Reef Hawk (Keanu Reeves) အကြောင်းကို ရိုက်ပြထားတာပါ။ လူသိရှင်ကြားမှာ သူက အမြဲတမ်း သဘောကောင်းပြီး ချစ်စရာကောင်းတဲ့ မင်းသားကြီးပေါ့။ ဒါပေမယ့် နောက်ကွယ်မှာတော့ Reef ဟာ မူးယစ်ဆေးဝါး ဖြတ်ထားတာ ၅ နှစ်လောက် ရှိနေပြီဖြစ်ပြီး၊ အနုပညာအလုပ်တွေကနေ ခဏနားကာ အေးအေးဆေးဆေး နေထိုင်နေတဲ့သူပါ။ တစ်နေ့မှာတော့ သူ့ရဲ့ ရှေ့နေဖြစ်သူ Ira (Jonah Hill) ဆီကနေ ကြောက်စရာကောင်းတဲ့ ဖုန်းဆက်မှုတစ်ခု ရလာပါတယ်။ အဲ့ဒါကတော့ အမည်မသိ လူတစ်ယောက်က Reef ရဲ့ နာမည်ပျက်သွားနိုင်လောက်တဲ့ လျှို့ဝှက် ဗီဒီယိုတစ်ခုကို ကိုင်ထားပြီး သူ့ကို အကျပ်ကိုင် ငွေညှစ်နေတယ် ဆိုတာပါပဲ။ ဗီဒီယိုထဲမှာ ဘာပါလဲဆိုတာကို သေသေချာချာ မသိရပေမယ့်၊ အဲ့ဒီ ဗီဒီယိုသာ အပြင်ကို ပေါက်ကြားသွားရင် Reef ရဲ့ ဘဝရော၊ အနုပညာလမ်းကြောင်းပါ အဆုံးသတ်သွားမှာ အသေအချာပါပဲ။ ဒီလိုနဲ့ သူ့ရဲ့ ငယ်သူငယ်ချင်းတွေဖြစ်တဲ့ Kyle (Cameron Diaz) နဲ့ Xander (Matt Bomer) တို့ရဲ့ အကူအညီနဲ့အတူ၊ Reef တစ်ယောက် သူ့ကို ဒီလို အကျပ်ကိုင်နိုင်လောက်အောင် မုန်းတီးနေတဲ့သူ ဘယ်သူလဲဆိုတာကို လိုက်ရှာပါတော့တယ်။ အဲ့ဒီလို ရှာဖွေရင်းနဲ့ သူ့ရဲ့ အတိတ်က သူ ပြစ်မှားခဲ့၊ ကျေးဇူးကန်းခဲ့မိတဲ့ ဆွေမျိုးတွေ၊ ရည်းစားဟောင်းနဲ့ မန်နေဂျာဟောင်းတွေ ဆီကို တစ်ယောက်ချင်းစီ လိုက်သွားပြီး တောင်းပန်ရတဲ့ "တောင်းပန်ခြင်း ခရီးစဉ် (Apology Tour)" တစ်ခုကို စတင်ရပါတော့တယ်။ Reef တစ်ယောက် သူ့ရဲ့ အတိတ်က အမှားတွေကို ပြန်လည်ရင်ဆိုင်ရင်း၊ ဒီ လျှို့ဝှက် ဗီဒီယိုကို ဖြန့်ချင်နေတဲ့ တရားခံအစစ်ကို အချိန်မီ ရှာတွေ့သွားမလား ဆိုတာကို ဟာသနှောပြီး တွေးစရာလေးတွေနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း