ဇာတ်ကားများ ရွေးရန်

Thrash

2026ဇာတ်ကားအမှတ် 6/10Web-dl 4K SDR

"Thrash" (၂၀၂၆) ဟာ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ Survival/Creature Horror ဇာတ်ကားသစ်လေးပါ။ "Violent Night" နဲ့ "Dead Snow" တို့ကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Tommy Wirkola က ရိုက်ကူးထားပြီး၊ "Bridgerton" မင်းသမီး Phoebe Dynevor၊ "Chilling Adventures of Sabrina" က Whitney Peak နဲ့ မင်းသားကြီး Djimon Hounsou တို့ အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက တောင်ကယ်ရိုလိုင်းနားပြည်နယ်က ကမ်းရိုးတန်းမြို့လေး တစ်မြို့ကို အဆင့် (၅) ရှိတဲ့ အင်အားပြင်း ဟာရီကိန်း မုန်တိုင်းကြီး ဝင်ရောက်လာရာကနေ စပါတယ်။ မုန်တိုင်းကြောင့် ရေကာတာတွေ ကျိုးကျပြီး မြို့တစ်ခုလုံး ရေကြီးနစ်မြုပ်သွားတဲ့အခါ၊ မြို့ခံတွေဟာ အသက်ဘေးကနေ လွတ်မြောက်ဖို့ အသည်းအသန် ကြိုးစားကြရပါတယ်။ ဒါပေမယ့် သူတို့ ရင်ဆိုင်ရတာက ရေကြီးတာနဲ့ မုန်တိုင်းဒဏ် တစ်ခုတည်း မဟုတ်ပါဘူး။ မုန်တိုင်းရေလှိုင်းတွေနဲ့အတူ သမုဒ္ဒရာထဲက ဆာလောင်မွတ်သိပ်နေတဲ့ ငါးမန်းတွေပါ မြို့ထဲကို ရောက်လာတဲ့အခါမှာတော့ တကယ့် အိပ်မက်ဆိုးကြီး စတင်ပါတော့တယ်။ အဲ့ဒီမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး Lisa၊ အိမ်ပြင်မထွက်ရဲတဲ့ စိတ်ဝေဒနာ (Agoraphobia) ခံစားနေရတဲ့ မိန်းကလေး Dakota နဲ့ ငါးမန်းသုတေသီ Dale အစရှိတဲ့ ဇာတ်ကောင်တွေဟာ မြို့ထဲမှာ ပိတ်မိနေရင်း၊ ဒီ ကြောက်စရာကောင်းတဲ့ ငါးမန်းတွေရဲ့ ရန်ကနေ ဘယ်လို ရုန်းကန် အသက်ရှင်သန်ကြမလဲ ဆိုတာကို သည်းထိတ်ရင်ဖိုစရာ ရိုက်ကူးထားတဲ့ ကားမျိုး ဖြစ်ပါတယ်။ ဒီကားက သဘာဝဘေးအန္တရာယ်နဲ့ ငါးမန်းဇာတ်ကားတွေကို ပေါင်းစပ်ထားပြီး သွေးထွက်သံယို အခန်းတွေ ခပ်ကြမ်းကြမ်း ပါဝင်တဲ့ ဇာတ်ကားမျိုး ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ

ဇာတ်လမ်းအကြောင်း