ဇာတ်ကားများ ရွေးရန်

Slanted

2025ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါတော့ The Substance တို့လို body horror ဇာတ်လမ်းမျိုးကို သဘောကျတဲ့ ပရိတ်သတ်တွေအတွက် dark ဖြစ်တဲ့ ဇာတ်ကွက်တွေနဲ့ ကြည့်ရမယ့် Slanted ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမေရိကန်နိုင်ငံလို အသားအရောင် လူမျိုးရေးခွဲခြားတဲ့ နိုင်ငံတစ်ခုမှာ အာရှသားတွေအနေနဲ့ ရပ်တည်ရတာ ဘယ်လောက်ခက်ခဲကြောင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဂျုန်းဟွမ်ဆိုတဲ့ တရုတ်မလေးက ငယ်ငယ်တည်းက Prom Queen ဖြစ်ချင်တဲ့ အိပ်မက်ရှိခဲ့ပေမဲ့ သူတို့နိုင်ငံရဲ့ beauty standard တွေနဲ့ညီတဲ့ ရွှေအိုရောင်ဆံပင်နဲ့ အဖြူမလေးတွေကပဲ ရွေးချယ်ခံ‌ရတာကြောင့် ဂျုန်းက သူ့ရဲ့ ဖြစ်တည်မှုကို တဖြည်းဖြည်း မုန်းတီးလာပါတော့တယ်။ အပယ်ခံဘဝက‌နေ လူဝင်ဆံ့အောင် နည်းမျိုးစုံနဲ့ ကြိုးစားရင်း Ethnos လို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ အသွင်အပြင်ကို အစအဆုံးပြောင်းလဲပေးနိုင်တဲ့ ဆေးခန်းတစ်ခုကို ရှာတွေ့သွားတဲ့ အချိန်မှာတော့ ဂျုန်းတစ်ယောက် သူလိုချင်တဲ့ ဘဝကို အပြည့်အဝခံစားနိုင်မလား။ အစစ်အမှန်မဟုတ်ဘဲ ဖန်တီးယူထားတဲ့ ဘဝတစ်ခုက လူတစ်ယောက်ကို ဘယ်လောက်ထိ ဒုက္ခပေးနိုင်မှာလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း