ဇာတ်ကားများ ရွေးရန်

The Sheriff in Town

2017ဇာတ်ကားWeb-dl 1080p

ချွဲဒယ်ဟို ဆိုတဲ့ ရဲအရာရှိဟောင်းတစ်ယောက်ဟာ မူးယစ်ဆေးဝါးအမှုတစ်ခုကြောင့် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီး ဂီဂျန်းဆိုတဲ့ သူ့ရဲ့ဇာတိမြို့လေးမှာပဲ သာမန်အရပ်သားတစ်ယောက်အနေနဲ့ နေထိုင်နေပါတယ်။ သူက ရဲမဟုတ်တော့ပေမဲ့ ကိုယ့်မြို့လေးကို ကာကွယ်ဖို့ ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်လို့ သတ်မှတ်ထားပြီး မြို့လေးရဲ့ အရေးကိစ္စတွေကို လိုက်လံစောင့်ရှောက်ပေးနေသူပါ။ တစ်နေ့မှာတော့ ဂူဂျုံးဂျင် ဆိုတဲ့ စီးပွားရေးသမားတစ်ယောက်ဟာ ဆိုးလ်မြို့ကနေ ပြောင်းလာပြီး အပန်းဖြေစခန်းတစ်ခု လာရောက်ရင်းနှီးမြှုပ်နှံပါတယ်။ မြို့ခံတွေကတော့ သူ့ကို သဘောကျကြပေမဲ့ ဒယ်ဟိုကတော့ ဂျုံးဂျင်ရဲ့ နောက်ကြောင်းကို သံသယဝင်လာပါတယ်။ အထူးသဖြင့် သူ့ကို အလုပ်လက်မဲ့ဖြစ်စေခဲ့တဲ့ မူးယစ်ဆေးဝါးအမှုနဲ့ ဂျုံးဂျင်က ဆက်စပ်နေတယ်လို့ ထင်မြင်လာတဲ့အခါမှာတော့ သူ့ရဲ့ ယောက်ဖဖြစ်သူနဲ့အတူ လျှို့ဝှက်စုံစမ်းမှုတွေ စတင်ပါတော့တယ်။ ဒယ်ဟိုထင်သလို ဂျုံးဂျင်ကရော အဲဒီလိုလူ ဟုတ်ပါ့မလား? မြို့လေးရဲ့ယုံကြည်မှုရနေတဲ့လူကို အတိုက်အခံလုပ်တဲ့အချိန် ဒယ်ဟိုတစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာ... ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း