Oolong Courtyard: KungFu School
တိုက်ခိုက်ရေးဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် အက်ရှင်အမိုက်စားနဲ့ ဟာသနှောထားတဲ့ ဒီကားလေးကို M Sub Movie Channel မှာ အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ တရုတ်ရိုးရာ ကွန်ဖူးသိုင်းကွက်တွေကြားထဲမှာမှ ထူးခြားတဲ့ ဟာသအလွဲလေးတွေ၊ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် တိုက်ခိုက်ခန်းတွေအပြင် ဇာတ်လမ်းတစ်လျှောက်လုံးမှာ ဖမ်းစားထားနိုင်မယ့် ဇာတ်အိမ်ခိုင်မာမှုက ပရိသတ်တွေကို တစ်စက္ကန့်မှ မျက်တောင်မခတ်ရက်အောင် ဆွဲဆောင်ထားမှာ အသေအချာပါပဲ။ ဟိုင်ကျန်း ကျောင်းတော်ရဲ့ အဖိုးတန် ဒိဗ္ဗကျောက်တုံးကို ပိုင်ဆိုင်ဖို့ ကြိုးစားရင်းနဲ့ ဖြစ်ပေါ်လာတဲ့ ရုန်းရင်းဆန်ခတ် အခြေအနေတွေ၊ မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့အတူ မိသားစု သံယောဇဉ်တရားကိုပါ ခံစားရစေမှာ ဖြစ်ပါတယ်။ ရယ်မောပျော်ရွှင်ရမယ့် ဟာသဇာတ်ကွက်တွေသာမက ဇာတ်ကောင်တွေရဲ့ ခံစားချက်ကိုပါ ပုံဖော်ထားတာကြောင့် ဒီကားဟာ အက်ရှင်ကားချစ်သူတွေတင်မကဘဲ ဒရာမာကား ကြိုက်သူတွေအတွက်ပါ စွဲလမ်းသွားစေမယ့် လက်ရာကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်ကားက ပရိသတ်တွေကို "အဲဒါကို ပိုင်ဆိုင်ဖို့ အရည်အချင်းရှိပြီး ထိုက်တန်တဲ့သူပဲ ပိုင်ဆိုင်ရမှာ" ဆိုတဲ့ သတိပေးချက်နဲ့အတူ ဘဝရဲ့တန်ဖိုးကို ပြန်လည်မေးခွန်းထုတ်သွားစေမှာပါ။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်သူကတော့ Mike ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း