The Children's Train
ဇာတ်ကားဟာ WWII ပြီးပြီးနောက် အီတလီနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ တကယ့်ဖြစ်ရပ်တစ်ခုကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ Naples မြို့မှာ နေထိုင်တဲ့ Amerigo ဆိုတဲ့ ကလေးလေးဟာ ဆင်းရဲနွမ်းပါးမှုကြောင့် မိခင်နဲ့အတူ အခက်အခဲများစွာနဲ့ ဘဝကို ဖြတ်သန်းနေပါတယ်။ အစားအသောက်မလုံလောက်၊ ဘဝအခက်အခဲများပြားနေတဲ့အတွက် သူ့မိခင်က သားကို ပိုကောင်းတဲ့ဘဝတစ်ခုရဖို့ ဆုံးဖြတ်ချက်ခက်ခဲတစ်ခုကို ချလိုက်ပါတယ်။အဲ့ဒါကတော့ Amerigo ကို “Children’s Train” လို့ခေါ်တဲ့ အစီအစဉ်တစ်ခုနဲ့အီတလီမြောက်ပိုင်းက ချမ်းသာတဲ့ မိသားစုတစ်ခုဆီ ပို့ပေးခြင်း ဖြစ်ပါတယ်။ Train နဲ့ ခရီးထွက်သွားတဲ့ Amerigo ဟာ မိခင်နဲ့ ခွဲခွာရတဲ့ ဝမ်းနည်းမှုတွေ၊ မသိတဲ့နေရာအသစ်မှာ မကြောက်မရွံ့ဖြစ်ရခြင်းတွေ၊ မိသားစုအသစ်နဲ့ အနီးကပ်လာရခြင်းတွေကို တဖြည်းဖြည်း ရင်ဆိုင်ရပါတယ်။ မြောက်ပိုင်းရောက်သွားတဲ့နောက်မှာတော့သူ့ကို စောင့်ရှောက်ပေးတဲ့ မိသားစုအသစ်ရဲ့ ချစ်ခြင်းကို ခံစားရပြီး အရင်ဘဝနဲ့ မတူတဲ့ အဆင်ပြေမှုတွေကို တွေ့မြင်လာပါတယ်။ဒါပေမယ့်… Amerigo ရဲ့ စိတ်ထဲမှာတော့ “ငါ့ရဲ့ မိသားစုက ဘယ်သူလဲ?” “ငါဘယ်နေရာကို ပြန်သင့်လဲ?” ဆိုတဲ့ မေးခွန်းတွေ မပြတ်ဖြစ်နေပြီး မိခင်အဟောင်းနဲ့အသစ်ကြား ရွေးချယ်မှုတွေလုပ်ရတဲ့အခါမှာတော့.....
ဇာတ်လမ်းအကြောင်း