Terra Willy (or) Astro Kid
* Movie Request ထဲကဇာတ်ကားဖြစ်ပါသည်။ ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတွေကြည့်ရှုပြီး စိတ်အပန်းဖြေချင်တဲ့ ပရိတ်သတ်တွေအတွက်ရော ကလေးတွေအတွက်ရော အကြိုက်တွေ့စေမယ့် Adventure animation ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ အာကာသထဲမှာ မိဘတွေနဲ့အတူ စူးစမ်းလေ့လာမှုတွေလုပ်နေတဲ့ ဝီလီ ဆိုတဲ့ ကောင်လေးအကြောင်းပါ။ ဒီလိုနဲ့ တစ်နေ့တော့ မိဘတွေနဲ့ကွဲသွားပြီး သူတစ်ယောက်တည်း အမည်မသိဂြိုဟ်တစ်ခုပေါ်ရောက်သွားတဲ့အချိန်မှာတော့ ဂြိုဟ်ပေါ်က အရာမှန်သမျှက သူ့အတွက် အထူးအဆန်းဖြစ်နေတော့တာပါပဲ ဒါပေမဲ့ သူရဲ့အဖော်လေးဖြစ်တဲ့ ဘတ်ခ်ဆိုတဲ့ စက်ရုပ်လေးရယ်၊ အဲဒီဂြိုဟ်ပေါ်ရောက်မှတွေ့တဲ့ ဖလက်ရှ်ဆိုတဲ့ ဂြိုဟ်သားသတ္တဝါလေးရယ်နဲ့ အဲဒီဂြိုဟ်ကြီးပေါ်မှာ အတူရှင်သန်ရင်း သူတို့ရဲ့စွန့်စားမှုတွေကြားက သူငယ်ချင်းသံယောဇဉ်လေးနဲ့ တစ်ယောက်ကိုတစ်ယောက် ကူညီပေးပုံတွေကို ကြည်နူးစရာ ရိုက်ပြထားတာပါ။ ဒီလိုနဲ့ ဝီလီတစ်ယောက် အဲဒီဂြိုဟ်ကြီးကနေပြီးတော့ ဘေးကင်းကင်းနဲ့ ပြန်နိုင်ပါ့မလား အဆုံးမှာရော သူ့မိဘတွေနဲ့ ပြန်ဆုံနိုင်ပါ့မလားဆိုတာ စွန့်စားခန်းတွေ အတူတူကျော်ဖြတ်ရင်း အဆုံးထိ စိတ်ဝင်တစားကြည့်ရှူရမှာပါ။ ဇာတ်လမ်းက ရိုးရိုးလေးပေမဲ့ ကလေးတွေအတွက် ကိုယ့်အားကိုယ်ကိုးနိုင်ပုံလေးတွေ ပညာပေးထားပြီးတော့ လူကြီးတွေအတွက်လည်း ငယ်ဘဝကစွန့်စားခန်းလေးတွေကို ပြန်မြင်နိုင်တာဖြစ်လို့ ပျင်းစရာမကောင်းဘဲ စိတ်အပန်းပြေစေမယ့် ဇာတ်ကားကောင်းလေးဖြစ်မှာပါနော်။
ဇာတ်လမ်းအကြောင်း