Humint
"Humint" ဆိုတာ စက်ကိရိယာတွေ မဟုတ်ဘဲ "လူ" တွေဆီကနေ တိုက်ရိုက် ထောက်လှမ်းသတင်းယူတဲ့ အန္တရာယ်အများဆုံး စစ်ဆင်ရေးမျိုးပါ။ ဒီဇာတ်လမ်းမှာ တောင်ကိုရီးယား ထောက်လှမ်းရေးအရာရှိဂျိုဟာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးနဲ့ လူကုန်ကူးဂိုဏ်းကြီးကို အမြစ်ဖြတ်ဖို့ ဗလာဒီဗော့စတော့ကို ရောက်လာပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ရိုးရှင်းတဲ့ အမှုတစ်ခု မဟုတ်ဘဲ ရုရှားမာဖီးယားတွေ၊ မြောက်ကိုရီးယား အဆက်အသွယ်တွေ ရှုပ်ထွေးစွာ ပါဝင်နေတဲ့ ပင်ကူအိမ်ကြီးတစ်ခု ဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါ... သူ့ရဲ့စုံစမ်းမှုတွေဟာ မြောက်ကိုရီးယား လုံခြုံရေးအရာရှိ ဘတ်ဂွန်းနဲ့ ထိပ်တိုက်သွားတိုးပါတော့တယ်။ နိုင်ငံအတွက် တာဝန်ထမ်းဆောင်နေကြတဲ့ တောင်နဲ့မြောက် အရာရှိနှစ်ယောက်... သူတို့နှစ်ယောက်ကြားမှာ ဘယ်သူက မိတ်ဆွေ၊ ဘယ်သူက ရန်သူလဲ? ဒီကြားထဲ မြေစာပင်ဖြစ်လာတဲ့ ရုရှားစားသောက်ဆိုင်ဝန်ထမ်း မြောက်ကိုရီးယားသူ ချယ်ဆွန်းဟွာကြောင့် သူတို့ရဲ့ တင်းမာမှုတွေက ပေါက်ကွဲထွက်လုနီးပါး ဖြစ်လာတဲ့အခါမှာ... ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း