Toaster
ဒီဇာတ်ကားလေးကတော့ အလွန်အမင်း ကပ်စေးနဲတဲ့ ရာမာကန့် ဆိုတဲ့ လူတစ်ယောက်ရဲ့ အလွဲအချော်တွေကနေ စတင်ထားတဲ့ ဟာသကားလေးပဲ ဖြစ်ပါတယ်။ ရာမာကန့်ဟာ သူ့မိန်းမရဲ့ မိတ်ဆွေမင်္ဂလာဆောင်အတွက် ပေါင်မုန့်ကင်စက်တစ်လုံးကို မတတ်သာဘဲ လက်ဖွဲ့လိုက်ရပေမဲ့၊ မင်္ဂလာပွဲပျက်သွားတဲ့အခါမှာတော့ အဲ့ဒီကင်စက်ကို နည်းမျိုးစုံသုံးပြီး ပြန်ယူဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အဲ့ဒီကင်စက်ထဲမှာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ရောက်ရှိနေတဲ့ SD ကတ်နှစ်ခုက ပြဿနာကို အကြီးအကျယ် ရှုပ်ထွေးသွားစေပါတယ်။ တစ်ခုက နိုင်ငံရေးအကြီးအကဲတစ်ယောက်ရဲ့ အရှုပ်တော်ပုံ ညစ်ညမ်းဗီဒီယိုဖြစ်ပြီး၊ နောက်တစ်ခုကတော့ ရာမာကန့်ကိုယ်တိုင် မတော်တဆ လူသတ်မိထားတဲ့ ဗီဒီယို ဖြစ်နေပါတယ်။ ရည်ရွယ်ချက်ကိုယ်စီနဲ့ ပေါင်မုန့်ကင်စက်နောက်ကို အသည်းအသန် လိုက်နေကြတဲ့ သူတို့ကြားမှာ ဘယ်သူက အနိုင်ရသွားမလဲ၊ ရာမာကန့်တစ်ယောက်ရော အမှုတွေကြားထဲကနေ ဘယ်လိုလွတ်အောင် ရုန်းထွက်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဟားတိုက်ရယ်မောရင်း ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ရာမာကန့် အဖြစ် မင်းသား Rajkummar Rao နဲ့ ရှီလ်ပါ အဖြစ် မင်းသမီး Sanya Malhotra တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း