ဇာတ်ကားများ ရွေးရန်

Money Games

2025ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက်မှာတော့ မလေးရှားနဲ့ ဟောင်ကောင်တို့ ပူးပေါင်းရိုက်ကူးထားတဲ့ Money.Games.2025 ဆိုတဲ့ Action Comedy အမျိုးအစားဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ "လောကမှာ အလကားရတဲ့ အရာဆိုတာ မရှိဘူး" ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားလေးဟာဆိုရင်တော့ လတ်တလောမှာ ခေတ်စားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ပိရမစ်စနစ် ငွေလိမ်လည်မှုတွေနဲ့ တယ်လီဖုန်းကနေ လိမ်ညာမှုတွေကို အခြေခံရိုက်ကူးထားပြီး လိမ်လည်မှုတိုက်ဖျက်ရေးအဖွဲ့တစ်စုက ဒီငွေလိမ်ဂိုဏ်းတွေရဲ့ နောက်ကွယ်က ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့အတွက် ကြိုးပမ်းပုံကို ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။အားလမ်ဦးဆောင်တဲ့ လိမ်လည်မှုတိုက်ဖျက်ရေးအဖွဲ့ဟာ ငွေလိမ်ဂိုဏ်းတွေရဲ့ လုပ်ငန်းလည်ပတ်ပုံကို သိရှိဖို့အတွက် သူတို့ကိုယ်တိုင် ဒီလုပ်ငန်းထဲကို စိမ့်ဝင်ထိုးဖောက်ရပါတော့တယ်။ သူတို့ဟာ တရားမဝင် ငွေကြေးခဝါချမှုတွေ လူတွေကို မက်လုံးပေးပြီး ငွေလိမ်တဲ့ ပိရမစ်စနစ် ငွေလိမ်လည်မှုတွေရဲ့ကြားမှာ နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်မိသွားတဲ့အခါမှာတော့ ထင်မှတ်မထားတဲ့ အလွဲအချော်တွေနဲ့ အန္တရာယ်တွေ စတင်လာပါတယ်။ တစ်ဖက်ကလည်း ငွေလိမ်ဂိုဏ်းရဲ့ခေါင်းဆောင်တွေက ပါးနပ်တာကြောင့် လိမ်လည်မှုတိုက်ဖျက်ရေးအဖွဲ့တွေရဲ့ လူယုံဟန်ဆောင်မှုဟာ ပေါက်ကြားသွားမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။အခက်အခဲများကြားမှ လိမ်လည်မှုတိုက်ဖျက်ရေးအဖွဲ့သားတွေဟာ ဒီဂိုဏ်းကြီးတစ်ခုလုံးကို အမြစ်ပြတ်ဖမ်းဆီးဖို့ ဘယ်လို အကွက်ချ စီစဉ်ကြမလဲ..? လောဘနောက်လိုက်ခဲ့တဲ့သူတွေအနေနဲ့ရော ဘယ်လိုအကျိုးဆက်တွေ ရင်ဆိုင်ရသလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာဆိုရင်တော့ "လောဘ" ကြောင့် လူတွေဟာ အလွယ်တကူ လိမ်ညာခံရနိုင်ပြီး အွန်လိုင်းပေါ်က မက်လုံးတွေရဲ့ နောက်ကွယ်မှာ ကြောက်စရာကောင်းတဲ့ ထောင်ချောက်တွေ ရှိနေတယ်ဆိုတာကို သတိပေး ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း