ဇာတ်ကားများ ရွေးရန်

Ozora: Brutal Assault the Lord of South Jakarta

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကား​လေးက​တော့ ၂၀၂၃ ခုနှစ် အင်ဒိုနီးရှားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်လမ်း​လေး ဖြစ်ပါတယ်။ ​ကျောင်းသားလူငယ်ချင်း အကြမ်းဖက်မှုကျူးလွန်ခဲ့ကြတဲ့အ​ကြောင်းကို ပုံ​ဖော်ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ အသက်မပြည့်​သေးတဲ့ ​ကျောင်းသား ခရစ္စတယ်လီနို​ဒေးဗစ်အိုဇိုရာကို ရွယ်တူ​ကျောင်းသားတစ်​​​ယောက်မှ အုပ်စုဖွဲ့အကြမ်းဖက်ခဲ့တာ​ကြောင့် ဦး​နှောက်ကို ထိခိုက်မိပြီး ကိုမာဝင်တဲ့အ​​ခြေအ​နေအထိ ​ရောက်သွားခဲ့ပါတယ်။ ​ဒေးဗစ်အ​ဖေ ဂျိုနာသန်နဲ့ ​မိတ်​ဆွေ​တွေက​တော့ အမူမှန်​ပေါ်ဖို့အတွက် ကြိုးစားကြရင်း တဖက်ကတရားခံဟာ သြဇာအာဏာကြီးမားတဲ့အသိုင်းအဝိုင်းကမှန်း သိလာရပြီး တရားမျှတမှုရဖို့အတွက် ကြိုးစားကြရပုံကို မှတ်တမ်းရုပ်သံဇာတ်လမ်းပုံစံအတိုင်း ရိုက်ကူး​ပေးထားတဲ့ ဖြစ်ရပ်မှန် အင်ဒိုဇာတ်ကား​လေးဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း