Monster Man
* Movie Request ထဲက ဇာတ်ကားဖြစ်ပါတယ် ကဲ ဒီတစ်ခါတော့ ပုံမှန်သရဲကားတွေ ခြောက်ခြားစရာကားတွေကို ကြည့်ရတာ ရိုးနေပါပြီဆိုတဲ့သူတွေအတွက် ဇာတ်လမ်းအဆန်း plot twist အလန်းလေးနဲ့ Road Trip Horror ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်။ Road Trip Horror ဆိုတော့ ခရီးသွားရင်းလမ်းပေါ်မှာ ဖြစ်ပျက်သမျှကို ရိုက်ကူးထားတာပေါ့ ဒါပေမဲ့ တစ်ခန်းနဲ့တစ်ခန်းက မျက်စိမှိတ်လိုက်ရင်တောင် ဘာဖြစ်သွားလဲသိလိုက်မှာမဟုတ်တဲ့ထိ ထူးခြားဆန်းပြားတဲ့ဇာတ်ကွက်တွေ အပြည့်ပါပဲ။ ဇာတ်လမ်းလေးကတော့ အာဒမ်နဲ့ဟာလေ ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က ငယ်ချစ်ဦးရဲ့ မင်္ဂလာဆောင်ကိုသွားဖို့အတွက် ခရီးထွက်လာကြတာကနေစထားတာပါ၊ လမ်းတစ်လျှောက်မှာလည်း အလွဲတွေတောက်လျှောက်ဖြစ် ပေါက်ကရတွေ တောက်လျှောက်ပြောနဲ့ပေါ့ ဒီလိုနဲ့ လမ်းတစ်ဝက်မှာ လမ်းကြိတ်စက်ကားအကြီးကြီးတစ်စီးနဲ့ ကြုံရာကနေ ဇာတ်လမ်းက ပြောင်းသွားတော့တာပါပဲ၊ ပိုပြီးထူးဆန်းတာက အဲဒီကားကြီးပေါ်ကလူက ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီးတော့ အရမ်းကိုကြောက်စရာကောင်းတာပါ အဲဒီတစ်နယ်လုံးကလည်း သူ့ကိုနတ်ဆိုးလို့သိထားပြီးတော့ အကုန်လုံးကလည်း သူ့ရန်ကနေ မလွတ်ကြပါဘူး အဲဒီလိုနဲ့ အာဒမ်တို့က သူ့ရဲ့နောက်ထပ်ပစ်မှတ်ဖြစ်လာတဲ့အချိန်မှာတော့... အကုန်လုံးကြောက်လန့်နေကြတဲ့ ဒီနတ်ဆိုးကောင်ကြီးရဲ့ နောက်ကွယ်က အမှန်တရားက ဘာများဖြစ်မလဲ အာဒမ်တို့နဲ့ရော တကယ်ပဲပတ်သက်မှုရှိနေတာလား အဆုံးသတ်မှာရော အန္တရာယ်ကင်းကင်းနဲ့ လွတ်လာနိုင်ပါ့မလားဆိုတာကို ဟာသအနှောက်အပြောလေးတွေကို ရယ်လိုက် သွေးသံရဲရဲအခန်းလေးတွေကိုလန့်လိုက်နဲ့ ပျင်းစရာမကောင်းစေမှာတော့ အသေအချာပါပဲနော်။
ဇာတ်လမ်းအကြောင်း