ဇာတ်ကားများ ရွေးရန်

Panda Plan 2: The Magical Tribe

2026ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ အက်ရှင်သဘာဝမင်းသားကြီး ဂျက်ကီချန်းရဲ့ ၂၀၂၆ ထွက် အက်ရှင်ဟာသကားသစ်ဖြစ်တဲ့ ''Panda Plan: The Magical Tribe''ဆိုတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုဖို့ အကောင်းဆုံး ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကား​လေးက​တော့ အရင်ထွက်ရှိခဲ့တဲ့ Panda Plan (၂၀၂၄) ရဲ့ နောက်ဆက်တွဲဖြစ်ပြီး ဒီတစ်ခါမှာတော့ ဂျက်ကီချန်းတစ်ယောက် လူသူမရောက်ဖူးသေးတဲ့ မှော်ဆန်တဲ့ မျိုးနွယ်စုတွေရှိရာ ဒေသကို ရောက်ရှိသွားပါတယ်။ အဲဒီမှာ ချစ်ဖို့ကောင်းတဲ့ ပန်ဒါလေး ''ဟူဟူ''ကို ကယ်တင်ရင်း မျိုးနွယ်စုရဲ့ ရိုးရာယဉ်ကျေးမှုတွေ ရှေးဟောင်းကျောက်စာချပ်တွေနဲ့ ပတ်သက်တဲ့ အလွဲအချော် ဟာသတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အပြစ်ကင်းပြီး ချစ်ဖို့ကောင်းတဲ့ မျက်ကွင်းညိုညို ပန်ဒါလေး ဟူဟူကို မျိုးနွယ်စုဝင်တွေက ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ ''နတ်ဘုရားသားရဲ" အဖြစ် မမျှော်လင့်ဘဲ ကိုးကွယ်ကြပြီး ပန်ဒါလေးဟူဟူဟာ မျိုးနွယ်စုရဲ့ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ကာ ကြီးမားတဲ့ တာဝန်တွေကို ပေးအပ်လိုက်ကြပါတယ်။ ဟူဟူကို ကာကွယ်ဖို့အတွက် ဂျက်ကီဟာ ထူးခြားဆန်းပြားတဲ့ မျိုးနွယ်စုဝင်တွေကို ပရိယာယ်ကြွယ်ဝစွာနဲ့ ရင်ဆိုင်ကျော်လွှားရပါတော့တယ်။ ဒီထူးခြားဆန်းပြားတဲ့ ဆုံတွေ့မှုမှာ ဘယ်လိုမျိုး ရယ်မောပျော်ရွှင်စရာ စွန့်စားခန်းတွေကို မြင်​တွေ့ရမလဲ ဟူဟူက မျိုးနွယ်စုရဲ့ အကျပ်အတည်းကို တကယ်ပဲ ဖြေရှင်းပေးနိုင်မလား? ပြီးတော့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မျိုးနွယ်စုရဲ့ နောက်ကွယ်မှာ ဘယ်လို ရှေးဟောင်းလျှို့ဝှက်ချက်တွေ ဖုံးကွယ်နေမလဲဆိုတာ... ကဲ ဂျက်ကီချန်းရဲ့ အမာခံပရိသတ်တွေအတွက်ရော... ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေချင်သူတွေအတွက်ပါ လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်တာမို့ အခုပဲ ကြည့်ရှုပြီး ရယ်မော ပျော်ရွှင်လိုက်ရအောင်နော်။

ဇာတ်လမ်းအကြောင်း