Blackmail
အလုပ်မှာ ရိုးသားကြိုးစားတတ်တဲ့ မာနီရဲ့ မထင်မှတ်ထားတဲ့လွဲချော်မှုတစ်ခုကြောင့် သူ့ကောင်မလေး ပြန်ပေးဆွဲခံလိုက်ရတယ်။ ဒါကြောင့် ငွေလိုနေတဲ့ မာနီက နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် အာရှော့ခ်ရဲ့ သမီးလေးကို ပြန်ပေးဆွဲဖို့အလုပ်ကို လက်ခံလိုက်တယ်။ အဲ့ဒီအလုပ်ကို လုပ်ခိုင်းတဲ့သူကတော့ အာရှော့ခ်မိန်းမရဲ့ ရည်းစားဟောင်းပါ။ ဒါပေမဲ့ ကလေးကို ပြန်ပေးဆွဲဖို့လုပ်နေချိန်မှာပဲ ကလေးက ရုတ်တရက်ပျောက်သွားခဲ့ပါတယ်။ ကလေးက ဘယ်သူ့ဆီရောက်သွားမှန်းမသိရဘဲ အာရှော့ခ် ဆီကို သူ့သမီးလေး သူတို့လက်ထဲမှာရှိတယ်ဆိုပြီး တစ်ယောက်ပြီးတစ်ယောက် ငွေတောင်းလာကြတဲ့အခါမှာတော့ ကလေးက တကယ်ပဲ ဘယ်သူ့ဆီမှာ ရှိနေတာလဲ၊ မာနီကရော သူ့ကောင်မလေးကို အန္တရာယ်ကင်းကင်း ပြန်ကယ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစရာ လှည့်ကွက်တွေနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မာနီ အဖြစ် မင်းသား G. V. Prakash Kumar ၊ အာရှော့ခ် အဖြစ် မင်းသား Srikanth နဲ့ အာချနာ အဖြစ် မင်းသမီး Bindu Madhavi တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း