ဇာတ်ကားများ ရွေးရန်

Wreck-It Ralph

2012ဇာတ်ကားBlu-ray 1080p

ယခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ၂၀၁၂က ထွက်ရှိခဲ့တဲ့ Wreck it Ralph ဆိုတဲ့ကာတွန်းကားလေးပဲဖြစ်ပါတယ်။ ကာတွန်းကားဆိုပေမယ့် အရွယ်မရွေးကြည့်လို့ရတဲ့ဇာတ်ကားလေးဖြစ်ပြီး IMDb rating လည်း 7.7 တောင် ရထားတာမို့ ဟောင်းပေမယ့် ကောင်းနေဆဲဖြစ်ပြီး လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့အကျဉ်းချုပ်ကတော့ ရက်ဖ်ဟာ Fix it Felix Jr.ဆိုတဲ့ ဂိမ်းတစ်ခုမှာ ဖျက်စီးရေးသမားနေရာကနေရတဲ့ လူဆိုးတစ်ယောက်ပါ။ အနှစ်သုံးဆယ်လုံးလုံး ဂိမ်းထဲလူဆိုးလုပ်နေရပေမယ့် ရက်ဖ်က လူဆိုးလုပ်ချင်လွန်းလို့တော့မဟုတ်ပါဘူး။ ဂိမ်းထဲမှာ ရက်ဖ် ဖျက်စီးသမျှအရာအားလုံးကို ဖီးလစ်က လိုက်ပြင်ပေးရပြီး ဒီလိုလုပ်ရတဲ့အတွက်လည်း လူတွေရဲ့ကောင်းချီးပေးမှု ချီးကျူးမှုတွေကို ဖီးလစ်ကပဲ ရရှိနေတာပါ။ ဖီးလစ်ဟာ ဂိမ်းပြီး‌ဆုံးသွားတဲ့အခါ စဲအိမ်ကြီးတစ်ခုမှာ လူတွေနဲ့ပျော်ပျော်ပါးပါးနေရတဲ့အပြင် ဆုတံဆိပ်တွေပါ ရရှိပါသေးတယ်။ လူဆိုးအဖြစ်နဲ့ ရက်ဖ်ကတော့ အမှိုက်ပုံမှာ တစ်ယောက်တည်း အထီးကျန်စွာနေခဲ့ရပါတယ်။ ကြာလာတော့ ရက်ဖ်လည်း ဖီးလစ်လို အဆက်ဆံခံချင်တဲ့အတွက် လူကောင်းတစ်ယောက်အဖြစ်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် ဘေးက အခြားသူငယ်ချင်းလူဆိုးတွေကတော့ ရက်ဖ်ကို ပရိုဂရမ်ဆွဲထားတဲ့အတိုင်းပဲနေသင့်ကြောင်း ဆိုးတယ်ဆိုတာက မကောင်းတဲ့အရာမဟုတ်ကြောင်း ပြောကြပါတယ်။ ဒီလိုနဲ့ ရက်ဖ်ရဲ့ဂိမ်းအနှစ်သုံးဆယ်ပြည့်နေ့မှာ ဖီးလစ်တို့လူတစ်သိုက်ဟာ ရက်ဖ်ကို မဖိတ်ပဲ နှစ်ပတ်လည်နေ့အတွက် အောင်ပွဲခံပါတီကျင်းပနေပါတယ်။ ရက်ဖ်ကမြင်တော့ သွားရာကနေ ‌ဆုတံဆိပ်ကို သူနဲ့ဖီးလစ်တို့ တစ်ယောက်ကလှည့်ယူသင့်ကြောင်း ပြောပါတော့တယ်။ အဲ့မှာ ပါတီထဲက တစ်ယောက်က ဆုတံဆိပ်ဆိုတာ လူကောင်းတွေပဲရတာဖြစ်ကြောင်း လူဆိုးတွေက မရဘူးလို့ပြောပါတယ်။ မင်းသာ ဆုတံဆိပ်ရမယ်ဆိုရင် ငါတို့ ဖီးလစ်ကို ဆက်ဆံတဲ့အတိုင်း မင်းကို ဆက်ဆံမယ်လို့ပြောလိုက်တော့ ရက်ဖ်လည်း ဆုတံဆိပ်ကို ရအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ ရက်ဖ်လည်း အရက်ဆိုင်အသွား အခြားဂိမ်းထဲက မူး‌နေတဲ့အာကာသစစ်သားတစ်ယောက်ကို တွေ့တော့ အခွင့်ကောင်းယူပြီး ၀တ်စုံကိုလဲကာ အဲ့စစ်သားရဲ့ဂိမ်းထဲမှာ ဆုတံဆိပ်ရအောင်ကြိုးစားပါတော့တယ်။ ဆုတံဆိပ်ရသွားပေမယ့်လည်း ပြန်ဖို့အလုပ်မှာ အဲ့ဂိမ်းထဲက စက်ရုပ်ပိုးကောင်နဲ့အတူ ယာဉ်တစ်ခုထဲပိတ်မိသွားပြီး Sugar Rush ဂိမ်းထဲရောက်သွားပါတော့တယ်။ အဲ့မှာ ဂလစ်(glitch)ဖြစ်နေလို့ အပယ်ခံဖြစ်‌နေတဲ့ဗန်နဲလုတ်ဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့ဆုတံဆိပ်ကို လုယူသွားပြီး ကားမောင်းပြိုင်ဖို့အတွက် အခကြေးငွေအဖြစ်ပေးလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ရက်ဖ်ပျောက်သွားတဲ့အတွက် ဂိမ်းဟာ ပုံမှန်လိုအလုပ်မလုပ်နိုင်တော့တာကြောင့် ဂိမ်းဆိုင်လည်း စက်ပျက်တယ်ထင်ပြီး ပြင်လို့မရရင် လွှင့်ပစ်ဖို့ပြင်ဆင်နေပါပြီ။ ဒါကြောင့် ဖီးလစ်လည်း သူ့ရဲ့ဂိမ်းမပျက်စီးစေဖို့အတွက် ရက်ဖ်ကို ရှာပုံတော်ထွက်ရပါတော့တယ်။ ဒါနဲ့ ရက်ဖ်တစ်ယောက် သူ့ဆုတံဆိပ်ကို ပြန်ယူမယ်အလုပ်မှာ ယူလို့မရတော့တဲ့အကြောင်း ပြိုင်ပွဲကိုပြိုင်ပြီး အနိုင်ရမှသာ ပြန်ရမှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ ဆုတံဆိပ်ကို ပြန်ရဖို့ အရေးကြီးနေတဲ့ရက်ဖ်လည်း ဗန်နဲလုတ်ကို ကူညီဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီတော့ ရက်ဖ်တစ်ယောက် သူ့ရဲ့ဆုတံဆိပ်ကို ရအောင်ယူပြီး လူဆိုးတွေလည်း ဆုတံဆိပ်ရနိုင်ကြောင်း သက်သေပြနိုင်မှာလား။ ဗန်နဲလုတ်ဆိုတဲ့ကောင်မလေးကရော ဘာကြောင့် ဂလစ်ဖြစ်နေတာလဲ။ Sugar rush တိုင်းပြည်မှာကော ဘယ်လိုဖုံးကွယ်ထားတဲ့အရာတွေရှိနေမလဲ။ ဖီးလစ်ကော ရက်ဖ်ကို ပြန်ရှာတွေ့ပြီး သူတို့ရဲ့ဂိမ်းမပျက်စီးအောင် ကယ်တင်နိုင်မှာလား။ ရက်ဖ်ကရော သူဖြစ်ချင်တဲ့ဘ၀လေး ပိုင်ဆိုင်သွားမှာလား။ စတာတွေကို ရသစုံလင်အောင် ရိုက်ကူးထားတာမို့ ကာတွန်းကားလေးပေမယ့် ပုံမှန်ကာတွန်းတွေနဲ့မတူတာမို့ အမြန်ပဲကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဇာတ်လမ်းအကြောင်း