ဇာတ်ကားများ ရွေးရန်

Ex-Files 2: The Backup Strikes Back

2015ဇာတ်ကားWeb-dl 1080p

အခုတစ်ခေါက်ဇာတ်ကားလေးကတော့ Exfiles 2: The Back Up Strikes Back ဆိုတဲ့ တရုတ် Romantic Comedy ဇာတ်ကားလေး ဖြစ်ပါတယ်။ ပထမကားနဲ့ ဇာတ်လမ်းတွဲမဟုတ်ဘဲ ဇာတ်အိမ်အသစ်နဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ခုနစ်နှစ်က ယွီဖေးဆိုတဲ့လူငယ်လေးဟာ ဒါရိုက်တာလက်ထောက်ဖြစ်သူ ယီကျယ်ရဲ့ အကူအညီနဲ့ ဂီတပြိုင်ပွဲတစ်ခုမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ယီကျယ်ဟာ ယွီဖေး ပြိုင်ပွဲဝင်နိုင်ဖို့အတွက် တိတ်တဆိတ် ကူညီပေးခဲ့တာပါ။ အားလုံးက အံ့အားသင့်သွားရလောက်အောင်ပဲ ယွီဖေးဟာ ပြိုင်ပွဲမှာ အနိုင်ရရှိသွားပြီး ကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ခုနစ်နှစ်ကြာပြီးနောက်မှာတော့ သူတို့နှစ်ဦးဟာ ကြော်ငြာရိုက်ကွင်းတစ်ခုမှာ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ အတူတူ တစ်ညတာ ကုန်ဆုံးပြီးတဲ့နောက်မှာတော့ ယွီဖေးက ယီကျယ်ကို လျစ်လျူရှုလာခဲ့ပါတယ်။ ဒါကြောင့် ယီကျယ်ဟာ ဆရာတစ်ဦးရဲ့ အကူအညီနဲ့ ယွီဖေးကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားပါတော့တယ်။ "အချစ်စစ်ဆိုတာ ကစားစရာတစ်ခု မဟုတ်ပါဘူး'' ယွီဖေးနဲ့ယီကျယ်တို့ နှစ်ယောက်သား အချစ်စစ်နဲ့ တကယ်ချစ်ခဲ့တယ်ဆိုရင်....သူတို့ချစ်ခရီးလမ်းလေးက သာယာဖြောင့်ဖြူးမှာ အမှန်ပါ ကဲ အလုပ်တွေပင်ပန်းလို့ ပေါ့ပေါ့ပါးပါးနဲ့ ရိုရိုချိုချိုလေး ကြည့်ချင်တယ်ဆိုရင် ဒီဇာတ်ကားလေးက သင့်စိတ်ကို လန်းဆန်းစေမှာ အမှန်ဖြစ်လို့ အခုပဲ ကြည့်ရှုလိုက်ပါနော်.....

ဇာတ်လမ်းအကြောင်း