ဇာတ်ကားများ ရွေးရန်

Sword of Destiny

2021ဇာတ်ကားအမှတ် 5/10Web-dl 1080p

HELLO ဒီတစ်ခေါက်မှာတော့ သိုင်းကားကြိုက်နှစ်သက်သူတွေအတွက် ဝူရှကားကောင်းတစ်ကားဖြစ်တဲ့ Sword Of Destiny 2021 ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ထူးချွန်ထက်မြက်လှသော ဓါးသွန်းလုပ်သူ ဆရာကြီးမုန့်ဟာ ပြိုင်ဘက်ကင်းဓါးကောင်းတစ်လက်ဖြစ်တဲ့ အလင်းဓားကို ဖန်တီးသွန်းလုပ်ပြီးချိန်မှာပဲ သစ္စာဖောက်တစ်ဦးကြောင့် တစ်မိသားစုလုံး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတော့တယ်။သို့သော် သူ၏သားဖြစ်သူ မုန့်ရန်ဟာ သေဘေးမှ လွတ်မြောက်ပြီး အသက်ရှင်ကျန်နေခဲ့ပါတယ်။သူဟာ ဖခင်သွန်းလုပ်လို့မပြီးသေးတဲ့ အလင်းဓားကို ထိန်းချုပ်နိုင်သော အရိပ်ဓားကို ဆက်လက်သွန်းလုပ်ရန်တာဝန်နဲ့ မိသားစုအတွက် လက်စားချေရန်တာဝန်များကို ထမ်းပိုးသယ်ဆောင်ထားရသော လူငယ်လေးအဖြစ် ကြီးပြင်းလာခဲ့ပါတော့တယ်။သူဟာ လက်စားချေရန် သိုင်းလောကထဲလှည့်လည်သွားလာနေစဉ်မှာပဲ ထီးနန်းဆက်ခံမယ့် မင်းသားတစ်ပါးကို နန်းတော်ဆီလုံခြုံစွာ ပြန်ပို့ရတဲ့ တာဝန်တစ်ခုကိုလည်း လက်ခံရန်အကြောင်းဖန်လာပါတော့တယ်။ထိုတာဝန်ကြောင့် သူ့ရဲ့ ခရီးစဉ်က ပိုပြီး အန္တရာယ်များလာပြီး တိုင်းပြည်ရေးဆိုင်ရာ ပြဿနာတွေကိုပါ ရင်ဆိုင်လာခဲ့ပါတော့တယ်။သူတို့ဟာ လမ်းခရီးမှာ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီး နန်းတော်ကို ရောက်လာတဲ့ အချိန်မှာတော့.....ဖခင်ကို သတ်ခဲ့တဲ့ အဓိကရန်သူနဲ့ မျက်နှာချင်းဆိုင်ရင်ဆိုင်လာရပါတော့တယ်။မုန့်ရန်တစ်ယောက် အရိပ်ဓားကို အပြီးသတ်သွန်းလုပ်ပြီး ဖခင်အတွက် လက်စားချေနိုင်ပါ့မလား...? သူကာကွယ်ပေးချင်တဲ့သူတွေကိုရော ကာကွယ်ပေးနိုင်ပါ့မလားဆိုတာကို ဇာတ်ကားလေးနဲ့အတူ ကြည့်ရှုလိုက်ရအောင်ပါနော်...။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း