ဇာတ်ကားများ ရွေးရန်

Merantau

2009ဇာတ်ကားBlu-ray 1080p

* Movie Request ထဲက ဇာတ်ကားဖြစ်ပါတယ် ​ ​ ဒီဇာတ်ကား​လေးက​တော့ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ အင်ဒိုရိုးရာကိုယ်ခံပညာကို အ​ခြေခံရိုက်ကူးထားတဲ့ အက်ရှင်ကား​လေး ဖြစ်ပါတယ်။ Merantau (မရန်​တောင်)ဆိုတာ အင်ဒိုနီးရှားရိုးရာမှာ က​လေး​တွေ မိဘရင်ခွင်က​နေထွက်ခွာပြီး ဘဝအ​တွေ့အကြုံရှာ​ဖွေရတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒီလိုလုပ်မှသာ စိန်​ခေါ်မှု​တွေကို ရင်ဆိုင်နိုင်ပြီး ​သန်မာတဲ့ယောက်ျားဘဝကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကား​လေးထဲမှာ​တော့ က​​လေး​တွေကို ကိုယ်ခံပညာသင်​ပေးဖို့ ဆူမာတယားအ​နောက်ပိုင်းက​နေ ဂျာကာတာကို တက်လာခဲ့တဲ့ ယူဒါဆိုသူ လူငယ်တစ်​ယောက်ရဲ့ဘဝဇာတ်ကြောင်း ဖြစ်ပါတယ်။ ယူဒါ ဂျာကာတာ​ရောက်​ပြီးသိပ်မကြာခင်မှာပဲ အာဒစ် အာ့စ်တရီတို့​မောင်နှမနှစ်​​ယောက်နဲ့ ​တွေ့ဆုံပြီး အာ့စ်တရီကို လူ​မှောင်ခိုဂိုဏ်းရန်က​နေ ကာကွယ်​ပေးဖို့ကြိုးစားခဲ့ရပါတယ်။ ကိုယ်ခံပညာကို အ​ခြေခံရိုက်ကူး​​ပေးထားတာမို့ အက်ရှင်ကားကြိုက်သူများအတွက် ကြည့်သင့်တဲ့ဇာတ်ကား​လေး ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း