Ice-Pocalypse
ရုပ်ရှင်တစ်ကားကို ကြည့်ရင်းနဲ့ တစ်ကိုယ်လုံး အေးစိမ့်တုန်ရီသွားစေနိုင်တဲ့ vibe မျိုးရမယ်ဆိုရင် စိတ်ဝင်စားကြလား... ဒါဆိုရင်တော့ Survival ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ "Ice-Pocalypse" ဆိုတဲ့ ဇာတ်ကားလေးပါပဲ။ ဒီကားလေးက သဘာဝဘေးအန္တရာယ်ကားဆိုပေမဲ့ ရိုးရိုးတန်းတန်း ရှင်သန်ရေးတင်မကဘဲ လူသားတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ မိသားစုမေတ္တာအကြောင်းကို ရင်နင့်အောင် ရိုက်ကူးပြထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေကိုပြောပြရရင်တော့ မမျှော်လင့်ထားတဲ့ ရာသီဥတု ဖောက်ပြန်မှုကြောင့် တစ်ကမ္ဘာလုံး ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားတဲ့အချိန်ကနေ စတင်ထားတာပါ။ မြို့ပြကြီးတစ်ခုလုံးလည်း စက္ကန့်ပိုင်းအတွင်းမှာတင် အေးခဲသွားပြီး လူသားတွေက အသက်ရှင်ဖို့အတွက် နွေးထွေးတဲ့ "Safe Zone" ဆီကို အပြေးအလွှားသွားကြရပါတယ်။ တစ်ဖက်မှာကလည်း လူသန်းပေါင်းများစွာရဲ့အသက်အတွက် စွန့်စားမှုတွေလုပ်ပြီး အသက်စွန့်ဖို့ဝန်မလေးတဲ့ နာဆာအဖွဲ့ဝင်တွေနဲ့ အာဏာပိုင်တွေရဲ့ စိတ်ဓာတ်နဲ့ အေးခဲတဲ့ဒဏ်တွေကြားမှာ ပူနွေးတဲ့ဆုံးဖြတ်ချက်ချပြီး ရင်ဆိုင်နိုင်ပုံတွေကို တွေ့ရဦးမှာပါ။ဒါ့အပြင် အသက်ရှင်ဖို့အတွက် ရုန်းကန်ရတဲ့အခါမှာ လူသားတွေရဲ့ စိတ်နေစိတ်ထား ဘယ်လိုပြောင်းလဲသွားလဲ၊ အခက်အခဲတွေကြားမှာ ဘယ်လိုစည်းလုံးရမလဲဆိုတာကို ပညာသားပါပါ ရိုက်ပြထားပါသေးတယ်။ ဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ ရေခဲဖုံးနေတဲ့ မြို့ပြကြီးရဲ့ Visual Effectsတွေက အရမ်းကို သဘာဝဆန်တာမို့လို့ ပရိသတ်ကိုပါ တကယ့်ရေခဲကမ္ဘာထဲ ရောက်နေသလို ခံစားရစေမှာပါ။ Disaster movies တွေကိုမှ စိတ်လှုပ်ရှားစရာအပြည့်နဲ့ ကြည့်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်တော့ သေချာပေါက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါပဲနော်။
ဇာတ်လမ်းအကြောင်း