Biker
မော်တော်ဆိုင်ကယ်ပြိုင်ပွဲရဲ့ ဖုန်တော၊ ဗွက်တောနဲ့ အင်ဂျင်သံတွေကြားမှာ အဖေနဲ့သားကြားက ပြင်းထန်တဲ့ သံယောဇဉ်ကို ရင်ခုန်စရာကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ တစ်ချိန်က နိုင်ပွဲတွေဆက်တိုက်ရယူနိုင်ခဲ့တဲ့ ပြိုင်ကားသမားဟောင်းကြီးတစ်ယောက်ဟာ သူ့ရဲ့သွေးပါလာတဲ့ ပါရမီရှင် သားဖြစ်သူကို ကမ္ဘာ့အဆင့်ချန်ပီယံဖြစ်လာဖို့ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ လေ့ကျင့်ပေးပါတော့တယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့သားဖြစ်သူက အချစ်ရေးကို ဦးစားပေးပြီး ဖခင်ဖြစ်သူနဲ့ ဆိုင်ကယ်ပြိုင်ပွဲလောကကို ပစ်ပယ်သွားခဲ့သောအခါ... မိသားစု ပြိုကွဲမဲ့အန္တရာယ်၊ လုပ်ငန်းရှင်တွေရဲ့ ညစ်ပတ်တဲ့ လှည့်ကွက်တွေနဲ့ ပြိုင်ကွင်းထဲက အသက်အန္တရာယ်တွေကို သူတို့သားအဖ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ။ အရှုံးသမား၊ လူလိမ်လို့ သမုတ်ခံခဲ့ရတဲ့ ဖခင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို သားဖြစ်သူက ကမ္ဘာ့စင်မြင့်ထက်မှာ ဘယ်လို ပြန်လည်ဆယ်ယူပေးမလဲ၊ ပြိုင်ပွဲတိုင်းမှာ အကြောက်တရားကို ရင်ဆိုင်ပြီး အောင်ပွဲကို ဘယ်လိုဆွတ်ခူးမလဲဆိုတာကို ခံစားကြည့်ရှုရမဲ့ အားကစားနဲ့ မိသားစုဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်ပါတယ်
ဇာတ်လမ်းအကြောင်း