ဇာတ်ကားများ ရွေးရန်

The Guest

2014ဇာတ်ကားWeb-dl 1080p

* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ယခုတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ 2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Guest ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားလေးက Horror ကိုမှ mysteryဆန်ဆန်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် အထူးကောင်းမွန်တဲ့ဇာတ်ကားလေးဖြစ်တဲ့အပြင် IMDb လည်း 6.7 တောင်ရထားတာမို့ အထူးပြောစရာတောင် မလိုတဲ့ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားလေးရဲ့အကျဉ်းချုပ်ကတော့ ပီတာဆန်မိသားစုဟာ မြို့လေးတစ်မြို့မှာ နေထိုင်တဲ့သာမန်မိသားစုလေးပါ။ အဲ့မှာ စစ်တပ်ထဲတာ၀န်ထမ်းနေတဲ့ စပန်ဆာပီတာဆန်နဲ့လော်ရာပီတာဆန်တို့ရဲ့သားဖြစ်သူ ကေလက်စ်ပီတာဆန်ဟာ ဆုံးပါးသွားတဲ့အတွက် ပူဆွေးဝမ်းနည်းနေရတာပါ။ ညီမဖြစ်သူ ပီတာဆန်ကတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝိတ်တာလုပ်နေပြီး ဆေးသမားတစ်ယောက်နဲ့ အိမ်မသိအောင် ခိုးတွဲနေတာပါ။ အငယ်ဆုံးသားဖြစ်သူကတော့ အထက်တန်းကျောင်းမှာ အမြဲအနိုင်ကျင့်ခံနေရတဲ့ ခပ်ပျော့ညံ့ညံ့လူတစ်ယောက်ပါ။ ဒီလိုမိသားစုလေးထဲကို တစ်နေ့မှာ ကေလက်စ်ရဲ့သူငယ်ချင်းဆိုသူ ဒေးဗစ်ကောလင်းဆိုတဲ့ လူတစ်ယောက်ရောက်လာပါတယ်။ ဒီအချိန်မှာ ၀မ်းနည်းပူဆွေးနေရတဲ့ အမေဖြစ်သူ လော်ရာဟာ အခုမှ စစ်တပ်ကနေ အနားယူလာပြီး သွားစရာမရှိတဲ့ သူ့ကို အိမ်မှာ ခနနေဖို့ဖိတ်ခေါ်လိုက်ပါတယ်။ ဘာနောက်ကြောင်းတစ်စုံတစ်ရာမှမသိပဲ သူ့သားရဲ့သူငယ်ချင်းလို့ပြောတာနဲ့တင် အိမ်မှာ နေဖို့ လက်ခံလိုက်တဲ့ ပီတာဆန်တို့မိသားစုဟာ ဒေး‌ဗစ်ရောက်လာပြီးနောက်ပိုင်းမှာပဲ အပြောင်းအလဲတွေ ကြုံလာရပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာ လော်ရာဟာ သူ့သမီး အန်နာသွားမယ့်ပါတီပွဲတစ်ခုကို ဒေးဗစ်ကို ခေါ်သွားခိုင်းတာကနေ သူတို့မိသားရဲ့ကံကြမ္မာဟာ တစ်ဆစ်ချိုးပြောင်းလဲသွားမှာဆိုတာကိုတော့ သူမသိပါဘူး။ပါတီပွဲရောက်တော့ အန်နာလည်း ဒေးဗစ်ကို သူ့ရည်းစားဇီကီနဲ့အတူ သူငယ်ချင်းတွေဖြစ်တဲ့ ခရိတ်နဲ့ခရစ်စတန်တို့ကိုပါ မိတ်ဆက်ပေးလိုက်ပါတယ်။ ပါတီကပြန်လာပြီးနောက်ရက် ဒေးဗစ်ဖုန်းပြောနေတာကို အန်နာ မတော်တဆကြားသွားရာကနေ အန်နာလည်း ရုတ်တရက်အိမ်ကိုရောက်ရှိလာတဲ့ ဒေးဗစ်ကို သံသယ၀င်သွားပါတယ်။ ဒါကြောင့် ဒေးဗစ်ထွက်လာခဲ့တယ်ဆိုတဲ့ စစ်စခန်းကို ဖုန်းဆက်ပြီးစစ်ဆေးတဲ့အခါမှာ ဒေးဗစ်ဆိုတဲ့လူဟာ သေဆုံးသွားပြီးဖြစ်ကြောင်း ပြန်ပြောပါတယ်။ ဒီတော့ အန်နာလည်း ထိတ်လန့်သွားပြီး သူ့မိသားစုကို ပြန်ပြောမယ်အလုပ်မှာ ပါတီမှာ ‌သူ(မ) ဒေးဗစ်နဲ့မိတ်ဆက်ပေးခဲ့တဲ့ သူ(မ)ရဲ့သူငယ်ချင်းခရိတ်ဟာ သေနတ်ပစ်ခံရပြီး သေဆုံးသွားပြီဆိုတာကို သိလိုက်ရပါတယ်။ ပိုထူးဆန်းတာက အဲ့လူသတ်မှုရဲ့အဓိကတရားခံက သူ့ရည်းစားဇီကီဖြစ်နေတာပါပဲ။ ဒါကြောင့် အန်နာလည်း ဒေးဗစ်ကို ပိုမသင်္ကာဖြစ်လာပြီး သူ့မောင်ဖြစ်သူကို ဒီအ‌ကြောင်းပြောပြပြီး ဒေးဗစ်နောက်ကြောင်းကို စုံစမ်းပေးဖို့ပြောပါတော့တယ်။ တစ်ဖက်မှာလည်း အန်နာ စစ်တပ်ကိုဖုန်းဆက်စုံစမ်းလိုက်တာကြောင့် အဖွဲ့အစည်းတစ်ခုဟာ ဒေးဗစ်အသက်ရှင်နေသေးတာကို သိသွားပြီး သူ့နောက်ကို လိုက်လာပါတော့တယ်။ဒီတော့ ဒေးဗစ်ကောလင်းစ်ဆိုတဲ့သူက ဘယ်သူလဲ။တကယ်ပဲ သူတို့ရဲ့သားကေလက်စ်ရဲ့သူငယ်ချင်းလား။ ပီတာဆန်တို့်မိသားစုရော သူရောက်လာပြီးနောက်ပိုင်း ဘာတွေကြုံတွေ့ရမလဲ။ အဖွဲ့အစည်းကရော ဘာကြောင့် ဒေးဗစ်နောက်ကို လိုက်နေရတာလဲ။စတာတွေကို စိတ်၀င်တစားကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အစပိုင်းမှာ ဇာတ်ရှိန်အေးအေးလေးနဲ့ တဖြည်းဖြည်း ဇာတ်ရှိန်မြင့်တက်လာအောင် ရိုက်ကူးထားတဲ့ဇာတ်ကားလေးမို့ ကြည်ရှုဖို့ တကယ်ထိုက်တန်တာကြောင့် အမြန်ပဲကြည့်ရှုလိုက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ဇာတ်လမ်းအကြောင်း