ဇာတ်ကားများ ရွေးရန်

Oldboy

2003ဇာတ်ကားBlu-ray 1080p

အိုဒယ်ဆူဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဘာအကြောင်းပြချက်မှမရှိဘဲ တံခါးပိတ်ခန်းတစ်ခုထဲမှာ ၁၅ နှစ်တိတိ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပါတယ်။ ၁၅နှစ်လုံး ခံပြင်းစိတ်တွေနဲ့လွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမဲ့ အရာတော့မထင်ခဲ့ပါဘူး။ ၁၅ နှစ်ပြည့်တဲ့နေ့မှာတော့ သူ့ကို ရုတ်တရက် ပြန်လွှတ်ပေးလိုက်ပြီး သူ့ကိုဖမ်းခဲ့တဲ့သူကို ရှာဖွေဖို့ အချိန် ၅ ရက် ပေးခဲ့ပါတယ်။ အပြင်ရောက်တဲ့အခါမှာ မီဒိုဆိုတဲ့ ဆူရှီစားဖိုမှူးကောင်မလေးနဲ့ အမှတ်မထင်ဆုံမိကြပြီး ဒီဖြစ်ရပ်အတွက် ၂ယောက်အတူ အဖြေရှာကြပါတော့တယ်။ အိုဒယ်ဆူတစ်ယောက် သူ့ကို ဘယ်သူက ဘာကြောင့် ဒီလို ရက်ရက်စက်စက် ဖမ်းခဲ့တာလဲဆိုတဲ့ လျှို့ဝှက်ချက်ကို လိုက်ရှာရင်း ထိတ်လန့်ဖွယ် အမှန်တရားတွေကို သိလာရတဲ့နောက်မှာတော့... ဒီဇာတ်ကားဟာ မထင်မှတ်ထားစရာ ဇာတ်ကွက်အလှည့်အပြောင်းတွေကြောင့် ကြည့်ရှုသူတွေအကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း