A Beautiful Life
အခုတစ်ခေါက် ဇာတ်ကားလေးကတော့ အချစ်က လူတစ်ယောက်ကို ဘယ်လိုပြောင်းလဲပစ်နိုင်လဲ ဆိုတာ အရိုးရှင်းဆုံးနဲ့ အထိမိဆုံး ရိုက်ပြထားတဲ့ ရိုမန့်တစ်ဒရာမာ ဇာတ်ကားကောင်တစ်ကားဖြစ်တဲ့ ''A Beautiful Life (2011)''ဆိုတဲ့ အချစ်ဇတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဟောင်ကောင်ကနေ ပေကျင်းမှာ အလုပ်လာလုပ်တဲ့ လီဖေးရုဆိုတဲ့ မိန်းမလှလေးဟာ အချစ်ကြောင့် သူ့ရဲ့ အတ္တဆန်တဲ့ အမြင်တွေ လောဘတွေ ပြောင်းလဲသွားပါတယ်။ တစ်ညမှာ ဘားတစ်ခုမှာ ရိုးသားပြီး အလုပ်ကြိုးစားတဲ့ ရဲအရာရှိလေး ဖန်းကျန့်တုန်းနဲ့ မတော်တဆ ဆုံတွေ့ခဲ့တာက သူမဘဝရဲ့ ဖူးစာရှင်ကို ရှာဖွေတွေ့ရှိလိုက်ရတာပါ ကျန့်တုန်းဟာ စကားပြောဆိုဆက်ဆံဖို့ ခက်ခဲတဲ့ ပန်းချီပညာရှင် ညီလေးဖြစ်သူကိုလည်း စောင့်ရှောက်နေသူဖြစ်ပါတယ်။ နောက်ပိုင်း လီဖေးရုတစ်ယောက် ဖန်းကျန့်တုန်းရဲ့ စိတ်ကောင်းရှိမှုကို အခွင့်ကောင်းယူပြီး သူ့ရဲ့ ငွေအမြောက်အမြားကို ယူကာ ထွက်ပြေးသွားခဲ့ပါတယ်။ ဖန်းကျန့်တုန်းဟာ သူ့ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာကို သိရှိသွားပြီးနောက် တခြားတစ်နေရာကို ပြောင်းရွှေ့သွားခဲ့ရာ ကျန့်တုန်းကို ဘယ်မှာမှ ရှာမတွေ့တော့တဲ့ အချိန်ကျမှသာ သူဟာ သူမအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို ဖေးရုတစ်ယောက် နားလည်သဘောပေါက်သွားပါတော့တယ်။ ကျန့်တုန်းရဲ့ မှတ်ဉာဏ်လျော့နည်းလာမှုနဲ့အတူ အရာရာကို မေ့ပျောက်သွားတဲ့ ရောဂါကို ခံစားနေရပေမယ့် သူချစ်တဲ့သူတွေကို မမေ့ပျောက်အောင် ကြိုးစားရင်း အချစ်စွမ်းအားကပဲ သူ့ရောဂါကို ကုစားပေးနိုင်မလား... ကျန့်တုန်းနဲ့ ဖေးရုရဲ့ အချစ်စစ်ကပဲ ပန်းခင်းလမ်းကို လျှောက်လမ်းနိုင်မလားဆိုတာကိုတော့... ကဲ ဒီလို ရိုရိုချိုချိုနဲ့ ဘဝသရုပ်ဖော် ဇာတ်ကားကောင်းလေးကို အခုပဲ လက်လွှတ်မခံပဲ ကြည့်ရှုလိုက်ပါနော်။
ဇာတ်လမ်းအကြောင်း