A City Called Macau
"လောင်းကစားဆိုတာ နိုင်နေတုန်းမှာ ဝိုင်းကနေ လှည့်ထွက်လာနိုင်မှ တကယ်ဖြတ်နိုင်တာ" ဆိုတဲ့ စကားအတိုင်း မကာအိုမြို့ပြရဲ့ မီးရောင်စုံအောက်မှာ လောဘနဲ့ သံယောဇဉ်တွေ ဘယ်လိုမျိုး အားပြိုင်ကြသလဲဆိုတာကို ဒီဇာတ်ကားမှာကြည့်ရှုရမှာပါ။ ဇာတ်လမ်းကတော့ မကာအို ကာစီနိုလောကမှာ အကြွေးတောင်းသူ၊ ဖောက်သည်ရှာပေးသူအဖြစ် ရပ်တည်နေတဲ့ မေရှောင်းအာဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူမရဲ့ဘဝထဲကို အချိန်ကာလအလိုက် ဝင်ရောက်လာခဲ့တဲ့ အမျိုးသားသုံးယောက်အကြောင်းကို အဓိကပုံဖော်ထားတာ ဖြစ်ပါတယ်။ လောင်းကစားသမားတွေကို အသေအလဲမုန်းတဲ့ သူမဟာ ကံကြမ္မာရဲ့ ကျီစယ်မှုကြောင့် သူမချစ်ရတဲ့သူတွေကလည်း လောင်းကစားသမားတွေပဲ ဖြစ်နေတဲ့အခါ စိတ်နဲ့လူနဲ့ အားပြိုင်ရတဲ့ ခံစားချက်တွေကို ပီပီပြင်ပြင် မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားဟာ သာမန်လောင်းကစားကားတွေလို ဖဲချပ်တွေ၊ အနိုင်အရှုံးတွေထက် လောင်းကစားကြောင့် ပျက်စီးသွားတဲ့ လူသားတို့ရဲ့ ဂုဏ်သိက္ခာ၊ မိသားစုဘဝနဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုပြီးဇောင်းပေးရိုက်ကူးထားပါတယ်။ အထူးသဖြင့် အနုပညာရှင် ရှီချီလန်နဲ့ ရှောင်အာတို့ရဲ့ အချစ်ဇာတ်လမ်းက တကယ့်ကို ရင်နာဖို့ကောင်းပြီး "ချစ်နေရက်နဲ့ လမ်းခွဲရခြင်း" ဆိုတဲ့ ခါးသီးတဲ့ အမှန်တရားကို ပရိသတ်တွေ ခံစားရမှာပါ။ တစ်ချိန်က ဂုဏ်ရှိန်ကြီးမားခဲ့တဲ့ သူဌေးကြီးတွေဟာ လောင်းကစားကြောင့် ဘဝပျက်ပြီး နောက်ဆုံးမှာ သူတောင်းစားဘဝအထိ ရောက်သွားကြတာတွေကို မြင်ရတဲ့အခါ လောင်းကစားရဲ့ ကြောက်စရာကောင်းပုံကို သင်ခန်းစာတစ်ခုအနေနဲ့ ရရှိစေမှာပါ။ သရုပ်ဆောင်ပိုင်းမှာလည်း Bai Baihe ရဲ့ ပိုင်နိုင်တဲ့ အမူအရာတွေက ဇာတ်ရှိန်ကို ပိုမိုမြင့်တင်ပေးထားပြီး ဇာတ်သိမ်းပိုင်းအထိ ရင်တမမနဲ့ စောင့်ကြည့်ရမယ့် ကားကောင်းတစ်ကား ဖြစ်ပါတယ်။ "လောင်းကစားဆိုတာ နိုင်ရင်လည်း ခဏ၊ ရှုံးရင်တော့ ဘဝ" ဆိုတဲ့အတိုင်း လက်တွေ့ဘဝရဲ့ ခါးသီးတဲ့ အမှန်တရားတွေကို မြန်မာစာတန်းထိုးနဲ့တကွ M Sub Movie Channel မှာ အခုပဲ ခံစားကြည့်ရှုလိုက်ကြရအောင်လားခင်ဗျာ။
ဇာတ်လမ်းအကြောင်း