ဇာတ်ကားများ ရွေးရန်

TN 2026

2026ဇာတ်ကားWeb-dl 1080p

တောင်ပိုင်းအိန္ဒိယရုပ်ရှင်လောကရဲ့ ပရိသတ်အားပေးမှုယဉ်ကျေးမှုကို အမိုက်စား ဟာသနှောပြီး ရိုက်ကူးထားတဲ့ နိုင်ငံရေးသရော်စာ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားထဲမှာ အရည်အချင်းမရှိတဲ့ သရုပ်ဆောင်သစ်တစ်ယောက်ကို ရူးရူးမူးမူးအားပေးတဲ့ မြေပိုင်ရှင်သူဌေး ပရိသတ်တစ်ယောက်အကြောင်းကို အဓိကထားရိုက်ကူးထားတာပါ။ အဲဒီပရိသတ်ဟာ သူ့ရဲ့ အိုင်ဒေါ မင်းသား နေရာတစ်နေရာရလာဖို့အတွက် ကိုယ်ပိုင်စည်းစိမ်ဥစ္စာတွေကိုပါ ပုံအောပြီး အရူးအမူး ထောက်ပံ့ပေးခဲ့ပါတယ်။ သရုပ်ဆောင်ညံ့ဖျင်းလွန်းတဲ့ မင်းသားတစ်ယောက် အမာခံပရိသတ်ရဲ့ မျက်ကန်းယုံကြည်မှုနဲ့အတူ စူပါစတားတစ်ယောက်ဖြစ်လာတဲ့အထိ အလွဲလွဲအချော်ချော် ကြိုးစားရုန်းကန်ရပုံတွေကို အူတက်မတတ် ရယ်မောဖွယ်ရာ ကြည့်ရှုရမှာပါ။ ဒါပေမဲ့ ဇာတ်လမ်းက ဒီတင်မကသေးပါဘူး။ အောင်မြင်မှုထိပ်တန်းကို ရောက်သွားတဲ့အခါမှာတော့ အဲဒီမင်းသားဟာ သူ့ရဲ့ သြဇာလွှမ်းမိုးမှုကို အသုံးချပြီး နိုင်ငံရေးလောကထဲကိုပါ ခြေလှမ်းလာပါတော့တယ်။ အာဏာမက်မောမှုနဲ့ အတ္တတွေကြောင့် သူ့ကို ဒီနေရာရောက်အောင် ပံ့ပိုးပေးခဲ့တဲ့ အမာခံပရိသတ်တွေနဲ့ ပြည်သူတွေကို လှည့်စားပြီး နောက်ကျောဓားနဲ့ထိုးဖို့ ဝန်မလေးခဲ့ပါဘူး။ ရုပ်ရှင်နဲ့ နိုင်ငံရေးကြားက အကျည်းတန်တဲ့ အမှန်တရားတွေကို ဟာသရသ၊ နိုင်ငံရေးသရော်စာတွေနဲ့ အကောင်းဆုံး ပေါင်းစပ်တင်ဆက်ထားတာမို့၊ နောက်ဆုံးမှာ မျက်ကန်းပရိသတ်ကြီး အသိတရားရသွားမလား၊ ဒါမှမဟုတ် သစ္စာဖောက်မင်းသားပဲ နိုင်ငံရေးကစားကွက်မှာ အောင်ပွဲခံသွားမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်ကြည့်ရှုရမဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း