Repeat
ဒီဇာတ်ကားလေးကတော့ စာရေးဆရာတစ်ယောက်ရဲ့ ရေးသားမှုတွေနဲ့ လက်တွေ့ဘဝက ရာဇဝတ်မှုတွေ ထူးထူးခြားခြား ဆက်စပ်နေပုံကို ရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာ စုံထောက်ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ နာမည်ကျော် ရာဇဝတ်မှုခင်းဝတ္ထုရေးဆရာတစ်ယောက်က ရဲစခန်းကို ရောက်လာပြီး သူရေးနေတဲ့ ဝတ္ထုထဲက ဇာတ်ကောင်တွေက သူ့ကို ခြိမ်းခြောက်နေပါတယ်ဆိုပြီး တိုင်ကြားရာကနေ စတင်ခဲ့ပါတယ်။ ဒီအမှုမှာ အဓိကပါဝင်ပတ်သက်နေတာက သမီးဖြစ်သူ ပြန်ပေးဆွဲခံလိုက်ရတဲ့ ရဲချုပ် အာရှာနဲ့ အမှုကို စုံစမ်းဖော်ထုတ်ဖို့ တာဝန်ပေးခံရတဲ့ လျှို့ဝှက်စုံစမ်းရေးအရာရှိ ဗစ်ကရမ်တို့ပဲ ဖြစ်ပါတယ်။ ဝတ္ထုထဲက ဖြစ်ရပ်တွေက လက်တွေ့မှာ ဘယ်လိုထပ်တူကျနေတာလဲ၊ စာရေးဆရာကိုယ်တိုင်က ဒီရာဇဝတ်မှုတွေရဲ့နောက်ကွယ်ကနေ ကြိုးကိုင်နေတာလား၊ ဒါမှမဟုတ် တခြားသူတစ်ယောက်က ဝတ္ထုကို အသုံးချပြီး ကစားနေတာလားဆိုတာ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပါ။ အမှုမှန်ကို လိုက်လံဖော်ထုတ်ရင်း နောက်ဆုံးမှာ ဘယ်သူမှ ထင်မှတ်မထားတဲ့ တရားခံနဲ့ အမှောင်ဖုံးနေတဲ့ လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာမှာဖြစ်တဲ့အတွက် တကယ်ကို ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဗစ်ကရမ် အဖြစ် မင်းသား Naveen Chandra ၊ ဆူဘရာမန်နီယမ် အဖြစ် မင်းသားကြီး Achyuth Kumar နဲ့ ရဲချုပ် အာရှာ အဖြစ် မင်းသမီး Madhoo တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း