ဇာတ်ကားများ ရွေးရန်

LIK: Love Insurance Kompany

2026ဇာတ်ကားWeb-dl 1080p

၂၀၂၆ ခုနှစ်မှာထွက်ရှိလာတဲ့ Sci-fi နောက်ခံ အချစ်ဟာသဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ Sci-Fi နောက်ခံဆိုလို့ ကြီးကြီးကျယ်ကျယ်တွေမပါပါဘူး ဖေ့စ်ဘုတ် ဗိုက်ဘာ တို့လို app တစ်ခုကို စိတ်ကူးယဉ်ဖန်တီးပြီး ရိုက်ကူးပြထားတာပါ သရုပ်ဆောင်တွေကတော့ နာမည်ရတောင်ပိုင်းမင်းသားမင်းသမီးတွေပဲဖြစ်ပြီး အဓိကမင်းသမီးလေးကလည်း ၂၂ နှစ်အရွယ်သာရှိသေးလို့ ပျိုမျစ်လန်းဆန်းတဲ့အလှအပတွေ သရုပ်ဆောင်မှုတွေကို ခံစားကြည့်ရှုရမှာပါ တောင်ပိုင်းကားဆို မပါမဖြစ် ယိုဂီဘာဘူကလည်း ဇာတ်ပို့နေရာက ပါဝင်ထားပါတယ်။ ဇာတ်ကားခေါင်းစဉ်အတိုင်း app ကို LIK လို့ခေါ်ပါတယ်။ LIK ကိုပဲ နေ့စဉ်ဘဝမှာ အဖော်လုပ်ကိုးကွယ်နေတဲ့ ဒီမာ ဆိုတဲ့ ကောင်မလေး ဖုန်းမရှိတဲ့ကမ္ဘာမှာ ဖုန်းမသုံးဘဲနေလာခဲ့တဲ့ ဗာဆေး ဆိုတဲ့ ကောင်လေးတစ်ယောက် သူတို့နှစ်ယောက် ပထမဆုံးစတွေ့လိုက်ချိန်မှာ ဗာဆေးတစ်ယောက် နှလုံးခုန်ရပ်ပြီး အရေးပေါ်ခန်းပါ ရောက်သွားခဲ့ပါတယ် မြင်မြင်ချင်းအချစ်ကြောင့် ဗာဆေးတစ်ယောက် ဒီမာ့အချစ်ကိုပြန်ရဖို့ အသည်းအသန်ကြိုးစားပါတော့တယ် ဒီမာရဲ့အချစ်ကိုပြန်ရမှာလား သူတို့အချစ်ရေးမှာ ဒီ LIK ဆိုတဲ့ အက်ပ်က ဘယ်အခန်းကဏ္ဍကနေ ပါဝင်သွားမလဲဆိုတာတော့ ပရိသတ်ကြီးပဲ ခံစားကြည့်ကြပါဦး

ဇာတ်လမ်းအကြောင်း