ဇာတ်ကားများ ရွေးရန်

Dacoit: A Love Story

2026ဇာတ်ကားWeb-dl 1080p

အချစ်စစ်ဆိုတာ ဘာလဲလို့ မေးလာရင် ဒီဇာတ်ကားလေးက ပရိသတ်တွေကို အကောင်းဆုံး အဖြေပေးပါလိမ့်မယ်။ ဇာတ်လမ်းကတော့ ချစ်ရသူကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ထောင်ဒဏ်ကျခံခဲ့ရတဲ့ လူငယ်လေး 'ဟရီ' နဲ့ စတင်ထားပါတယ်။ သူ ထောင်ကနေ ထွက်ပြေးလွတ်မြောက်လာချိန်မှာတော့ သူသိပ်ချစ်ရတဲ့ 'ဂျူးလီယက်' ဟာ အိမ်ထောင်သည် တစ်ယောက်ဖြစ်နေရုံသာမက ခင်ပွန်းဖြစ်သူရဲ့ အသက်အန္တရာယ်အတွက် အကျင့်ပျက်ခြစားနေတဲ့ ဆေးရုံဂိုဏ်းကြီးတစ်ခုနဲ့ အသေအလဲ ရင်ဆိုင်ရုန်းကန်နေရတာကို တွေ့လိုက်ရပါတယ်။ ကိုယ့်ကို သစ္စာဖောက်သွားတယ်လို့ ထင်ခဲ့ရတဲ့ ချစ်သူဟောင်းကို လက်စားချေမလား၊ ဒါမှမဟုတ် သူမရဲ့ မိသားစုကို ကယ်တင်ဖို့အတွက် မသမာတဲ့ ဆေးရုံအုပ်စုကြီးကိုပဲ တစ်ယောက်တည်း ရင်ဆိုင်သွားမလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမဲ့ အက်ရှင်ဒရာမာ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒီကားရဲ့ အဓိက ဆွဲဆောင်မှုကတော့ အက်ရှင်၊ သည်းထိတ်ရင်ဖိုနဲ့ အချစ်ရိုမန့်စ် တွေကို အချိုးကျကျ ပေါင်းစပ်တင်ဆက်ထားတာပါပဲ။ အထူးသဖြင့် ဆေးရုံတွေရဲ့ နောက်ကွယ်က လူမဆန်တဲ့ အမှောင်လောကကို ဖော်ထုတ်ပြီး အကြီးအကျယ် ဓားပြတိုက်မဲ့ အခန်းတွေ၊ ရဲတွေရဲ့ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးမှုတွေကြားကနေ ဉာဏ်နီဉာဏ်နက်သုံးပြီး လွတ်မြောက်အောင် ကြိုးစားရတဲ့ အခန်းတွေက ကြည့်ရှုသူကို မျက်တောင်မခတ်ချင်လောက်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။ မေတ္တာတရားရဲ့ ကြီးမားမှု၊ အနစ်နာခံမှုတွေနဲ့အတူ အက်ရှင်ခန်း မိုက်မိုက်တွေကို ရသစုံလင်စွာ ခံစားကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း