Don't Be a Menace to South Central While Drinking Your Juice in the Hood
* Movie Request ထဲက ဇာတ်ကားဖြစ်ပါတယ် "သေနတ်တစ်လက် ရှိနေတာက မင်းကို ဘာစွမ်းအားမှ မပေးနိုင်ဘူး... တကယ့်အစွမ်းက စာအုပ်တွေထဲမှာ" -----လော့ဒေါ့ (Loc Dog)----- ဒီတစ်ခါ ပရိသတ်တွေကို တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ၉၀ ပြည့်လွန်နှစ်တွေက နာမည်ကြီး လူမည်းရပ်ကွက် (Hood) ဇာတ်လမ်းတွေကို ဟာသနှောပြီး အူတက်အောင် ပြောင်လှောင်ရိုက်ကူးထားတဲ့ Spoof Comedy ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ "𝐃𝐨𝐧'𝐭 𝐁𝐞 𝐚 𝐌𝐞𝐧𝐚𝐜𝐞 𝐭𝐨 𝐒𝐨𝐮𝐭𝐡 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐖𝐡𝐢𝐥𝐞 𝐃𝐫𝐢𝐧𝐤𝐢𝐧𝐠 𝐘𝐨𝐮𝐫 𝐉𝐮𝐢𝐜𝐞 𝐢𝐧 𝐭𝐡𝐞 𝐇𝐨𝐨𝐝" ဆိုတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် ဒီကားလေးမှာဆိုရင်တော့ သရုပ်ဆောင်တွေအနေနဲ့ ရပ်ကွက်ထဲမှာ အေးအေးဆေးဆေး နေချင်တဲ့ လူကောင်းလေး "အက်ရှ်ထရေး (Ashtray)" နေရာမှာ မင်းသား 𝐒𝐡𝐚𝐰𝐧 𝐖𝐚𝐲𝐚𝐧𝐬 နဲ့ သူ့ရဲ့အမိုက်စား၊ အကြမ်းစား ဝမ်းကွဲအစ်ကို "လော့ဒေါ့ (Loc Dog)" နေရာမှာ ဟာသသရုပ်ဆောင် 𝐌𝐚𝐫𝐥𝐨𝐧 𝐖𝐚𝐲𝐚𝐧𝐬 တို့က အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း အက်ရှ်ထရေး တစ်ယောက် သူ့ဘဝတစ်လျှောက်လုံး အမေနဲ့နေလာခဲ့ပြီးမှ ယောက်ျားပီသအောင် သင်ယူဖို့ သူ့ထက် အသက် နှစ်နှစ်၊ သုံးနှစ်လောက်ပဲ ကြီးတဲ့ အဖေဖြစ်သူရှိရာ South Central ရပ်ကွက်ဆီ ပြန်ပြောင်းလာခဲ့ပါတယ်။ အဲဒီမှာ နျူကလီးယားထိပ်ဖူးကအစ လက်နက်မျိုးစုံ ကိုင်ဆောင်ထားတဲ့ သူ့ရဲ့ဝမ်းကွဲ လော့ဒေါ့ နဲ့ ပြန်ဆုံပြီး ရပ်ကွက်ထဲက ကြမ်းတမ်းတဲ့ အမှန်တရားတွေကို ရင်ဆိုင်ရပါတော့တယ်။ "ငါတို့ လွတ်လပ်ခွင့်ရပြီဆိုပေမဲ့လည်း... စိတ်ထဲမှာတော့ ကျွန်တွေ ဖြစ်နေတုန်းပဲ ထင်ပါတယ် " -----အက်ရှ်ထရေး (Ashtray)----- အက်ရှ်ထရေး တစ်ယောက် ရပ်ကွက်ထဲက ဂိုဏ်းသားဟောင်းကနေ တက်ကြွလှုပ်ရှားသူဖြစ်လာပေမဲ့ အမြဲရှုပ်ထွေးနေတဲ့ ပရီချ် (Preach)၊ ကားပေါ်ကပစ်ခံရလို့ အောက်ပိုင်းသေနေပေမဲ့ အကသမားဖြစ်ချင်တဲ့ ခရေဇီလက်ဂ်စ် (Crazy Legs) တို့နဲ့အတူ လေလွင့်နေရင်းကနေ ဒရှီကီ (Dashiki) ဆိုတဲ့ ကလေး ၇ ယောက်အမေ ဆွဲဆောင်မှုရှိတဲ့ မိန်းမချောလေးနဲ့ တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒရှီကီ ရဲ့ ရည်းစားဟောင်းဖြစ်တဲ့ ထောင်ထွက် လူမိုက်ကြီး တူးသ်ပစ် (Toothpick) နဲ့ ပြဿနာတက်လာတဲ့အခါမှာတော့ ဇာတ်လမ်းက ပိုပြီးရှုပ်ထွေးလာပါတော့တယ်။ "ဒီလောကမှာ မင်းရေမကူးတတ်ရင် မင်းရေနစ်မှာသေချာတယ်... ပြီးတော့ မင်းလဲကျသွားရင် မင်းကိုယ်မင်း ပြန်ထူမတ်လိုက်တာ ကောင်းမယ်" -----အေအိုင် ဒေါ့ (A.I. Dog)----- အက်ရှ်ထရေး တစ်ယောက် ပြဿနာပေါင်းစုံ၊ ရယ်စရာပေါင်းစုံ ပြည့်နှက်နေတဲ့ ဒီရပ်ကွက်ကြီးထဲကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား? ကလေး ၇ ယောက်အမေ ဒရှီကီ နဲ့ရော အချစ်ဇာတ်လမ်းလေး အဆုံးသတ်လှပနိုင်ပါ့မလား?ဆိုတာ Boyz n the Hood, Menace II Society, Juice စတဲ့ နာမည်ကြီး လူမည်းဇာတ်ကားတွေကို ဇာတ်ကွက်တွေယူပြီး ရယ်မောစရာဖြစ်အောင် ပုံဖော်ထားတဲ့ "Don't Be a Menace" ဆိုတဲ့ ဟာသဇာတ်လမ်းလေးကိုအားပေးကြပါဦးနော်
ဇာတ်လမ်းအကြောင်း