That Demon Within
ဒီတစ်ခေါက်မှာတော့ ဒါရိုက်တာက Dante Lam ရိုက်ကူးထားပြီး Daniel Wu နဲ့ Nick Cheung တို့အဓိကပါဝင်သရုပ်ဆောင်ထားသော "That Demon Within 2014" ဆိုတဲ့ ဟောင်ကောင် psychological action thriller ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရဲအရာရှိ ဒေးဗ်ဝမ်ဟာ စိတ်ဖိစီးမှုနဲ့ obsessive-compulsive disorder (OCD) လို စိတ်ပိုင်းဆိုင်ရာပြဿနာနည်းနည်းရှိတဲ့ လူတစ်ယောက်ဖြစ်ပါတယ် ဒါပေမဲ့ သူဟာ ရဲအလုပ်ကိုတာဝန်ကျေကျေ လုပ်ဆောင်နေသူတစ်ယောက်ပါ။တစ်နေ့မှာ အရေးပေါ်ဆေးရုံကို ဒဏ်ရာအပြင်းအထန်ရနေတဲ့ လူတစ်ယောက်ရောက်ရှိလာပြီး သွေးလိုနေတဲ့အတွက် ဒေးဗ်ဝမ်က သွေးလှူပေးလိုက်တယ်။သို့သော် သူသွေးလှုပေးလိုက်တဲ့သူဟာ ဟောင်ကောင်ရဲ့အန္တရာယ်အရှိဆုံး လူမိုက်ဂိုဏ်းခေါင်းဆောင် ဟုန်ကုန်းဖြစ်နေခဲ့ပါတော့တယ်။ဟုန်ကုန်းဟာ ဆေးရုံမှ ရဲတွေရဲ့စောင့်ကြည့်မှုတွေကြားမှ ထွက်ပြေးလွတ်မြောက်သွားသောကြောင့် ဒေးဗ်ဝမ်ဟာ အပြစ်ရှိသလိုခံစားရပြီး နောက်ပိုင်းမှာ အဲဒီ ဂိုဏ်းခေါင်းဆောင်နဲ့ပတ်သက်တဲ့ ရာဇဝတ်မှုတွေ၊ သူ့ရဲ့အတိတ် trauma တွေ၊ childhood trauma တွေ၊ ဖခင်နဲ့ပတ်သက်တဲ့ ကြောက်စရာအမှတ်တရတွေပြန်ပေါ်လာပြီး စိတ်မတည်မငြိမ်ခံစားလာရပါတော့တယ်။တစ်ဖက်မှာလည်း ဟုန်ကုန်းနောက်ကို လိုက်ရင်း မထင်မှတ်ဘဲ ဟုန်ကုန်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုတစ်ခုဖြစ်လာကာ ဒေးဗ်ဝမ်တစ်ယောက် သူ့အတွင်းစိတ်ထဲက စိတ်မိစ္ဆာကိုပါ ပြန်လည်တွန်းလှန်နေရပါတော့တယ်။ဒေးဗ်တစ်ယောက် စိတ်မိစ္ဆာကို တွန်းလှန်နိုင်ပြီး ရဲတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ပါ့မလား..?ဒါမှမဟုတ် သူကိုယ်တိုင် မကောင်းဆိုးဝါးတစ်ယောက်အဖြစ်ပြောင်းသွားမလားဆိုတာကို ဇာတ်ကားလေးနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦးနော်။ဒီဇာတ်ကားလေးဟာဆိုရင်တော့ လူတိုင်းရဲ့အတွင်းစိတ်ထဲမှာ ရှိနိုင်တဲ့ အမှောင်စိတ်၊ အကြမ်းဖက်စိတ်၊ မကောင်းတဲ့ဖက်ခြမ်းကို ရည်ညွှန်းဖော်ပြရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်ရှင်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း