Faces of Death
Faces of Death (2026) ဟာ အရင်ခေတ်က နာမည်ကြီးခဲ့တဲ့ ၁၉၇၈ ခုနှစ်က Cult Classic ရုပ်ရှင်ကို အခြေခံပြီး ခေတ်သစ်အင်တာနက်၊ ဆိုရှယ်မီဒီယာလောကနဲ့ အချိတ်အဆက်မိမိ ပြန်လည်အသက်သွင်းထားတဲ့ စိတ်ဝင်စားစရာ Psychological Slasher Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်က သာမန်သတ်ဖြတ်တဲ့ ဇာတ်လမ်းမျိုးမဟုတ်ဘဲ၊ အွန်လိုင်းပေါ်က အကြမ်းဖက်မှုတွေအပေါ် လူတွေရဲ့ ခံစားချက်တွေ ဘယ်လောက်တောင် ထုံထိုင်းလာနေပြီလဲဆိုတာကို ပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ အဓိကဇာတ်ကောင် မာဂေါ့ဆိုတဲ့ အမျိုးသမီးဟာ Kino လို့ခေါ်တဲ့ TikTok လိုမျိုး နာမည်ကြီး ဗီဒီယိုပလက်ဖောင်းတစ်ခုမှာ Content Moderator အဖြစ် အလုပ်လုပ်နေသူပါ။ သူ့ရဲ့အဓိကတာဝန်က ဆိုရှယ်မီဒီယာပေါ် တက်လာသမျှ ကြမ်းတမ်းတဲ့၊ စည်းမျဉ်းမညီတဲ့ ဗီဒီယိုတွေကို စစ်ထုတ်ဖယ်ရှားပေးရတာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမဟာ အရင် ၁၉၇၈ တုန်းက နာမည်ကြီးခဲ့တဲ့ "Faces of Death" ရုပ်ရှင်ထဲက လူသတ်ခန်းတွေကို အပြင်မှာ တကယ်လက်တွေ့ ပြန်လည်သရုပ်ဖော် ကျူးလွန်ထားသလားလို့ သံသယဖြစ်စရာကောင်းလောက်အောင် အသက်ဝင်လွန်းတဲ့ ဗီဒီယိုတွေကို အမှတ်မထင် တွေ့ရှိသွားပါတော့တယ်။အရာရာကို အလွယ်တကူ ဖန်တီးပြုပြင်လို့ရနေတဲ့ ဒီဘက်ခေတ် အွန်လိုင်းလောကကြီးထဲမှာ သူမတွေ့လိုက်ရတဲ့ အကြမ်းဖက်မှု ဗီဒီယိုတွေဟာ တကယ့်အစစ်လား၊ ဒါမှမဟုတ် လုပ်ကြံဖန်တီးထားတဲ့ အတုအယောင်တွေလား ဆိုတာကို မာဂေါ့တစ်ယောက် အဖြေရှာရပါတော့တယ်။ ဒီကားရဲ့ ထူးခြားချက်ကတော့ ဇာတ်အိမ် တည်ဆောက်ထားပုံပါပဲ။ မျက်မှောက်ခေတ် အင်တာနက်အသုံးပြုသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးခံရမှုတွေ၊ အွန်လိုင်းပေါ်က အကြမ်းဖက်မှုတွေအပေါ် စွဲလမ်းလာမှုတွေကို နောက်ခံထားပြီး ဆွဲခေါ်သွားပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း "Euphoria" မင်းသမီး Barbie Ferreira နဲ့ "Stranger Things" ထဲက Dacre Montgomery တို့က အပြိုင်ကြမ်းထားကြတာမို့ ဇာတ်ကောင်တွေရဲ့ စိတ်ခံစားမှု အတက်အကျတွေကို သဘာဝကျကျ မြင်တွေ့ရမှာပါ။
ဇာတ်လမ်းအကြောင်း