The Punisher: One Last Kill
မာဗယ်ပရိသတ်တွေ မျှော်လင့်နေကြတဲ့ အက်ရှင်အကြမ်းစား ဇာတ်ကောင် Frank Castle (ခေါ်) The Punisher ကြီးဟာ ဒီတစ်ခါမှာတော့ "One Last Kill" ဆိုတဲ့နာမည်နဲ့ Special Presentation အနေနဲ့ ပြန်လည်ရောက်ရှိလာပါပြီ။ သူ့ရဲ့ သွေးစွန်းနေတဲ့ အတိတ်ကနေ ရုန်းထွက်ပြီး အေးအေးချမ်းချမ်း နေထိုင်ချင်ပေမယ့်လည်း မလွှဲမရှောင်သာတဲ့ အကြောင်းတရားတစ်ခုကြောင့် လက်နက်ပြန်ကိုင်ရမယ့် အခြေအနေကို ရောက်လာပါတယ်။ ဒီတစ်ခေါက် သူရင်ဆိုင်ရမယ့် ပြဿနာက ဘာလဲ၊ ပြီးတော့ ဒါကရော သူ့အတွက် တကယ်ပဲ နောက်ဆုံး စစ်ဆင်ရေး ဖြစ်လာမလား။ ဒီဇာတ်ကားမှာ စူပါဟီးရိုးကားတွေမှာ တွေ့ရတတ်တဲ့ စွမ်းအားရှင်တွေရဲ့ တိုက်ခိုက်မှုတွေထက် အမိုက်စား လက်နက်ကိုင်တိုက်ပွဲတွေ၊ လက်စားချေမှုတွေနဲ့ အက်ရှင်တွေကို ပိုပြီး အသားပေးထားပါတယ်။ ဒါ့အပြင် အမြဲတမ်း ကြမ်းတမ်းနေတတ်တဲ့ Frank Castle ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ၊ အတိတ်က ဒဏ်ရာတွေကိုပါ သေချာပေါ်လွင်အောင် ထည့်သွင်းရိုက်ပြထားတဲ့အတွက် ကြည့်ရတာ ရိုးရိုး အက်ရှင်ကားတစ်ကားထက် ပိုလေးနက်ပါတယ်။ အက်ရှင်ကြမ်းကြမ်းတွေနဲ့အတူ punisher fun အတွက်ကတော့ လုံးဝ အကြိုက်တွေ့စေမယ့် ဇာတ်ကားပါပဲ။ ဇာတ်လမ်းအစအဆုံး vibe က dark ဖြစ်ပြီး thriller ဆန်ဆန် ရိုက်ကူးထားသလို၊ ဇာတ်သိမ်းပိုင်းမှာ ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကိုစိတ်ဝင်တစား စောင့်ကြည့်ရမှာမို့ လက်မလွတ်တမ်း ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။
ဇာတ်လမ်းအကြောင်း