The Indecent Family or Horny Family
အပြင်ပန်းကကြည့်ရင်တော့ ဆောဂျောင်မင်တို့ မိသားစုလေးဟာ အဆင့်အတန်းမြင့်ပြီး ပြီးပြည့်စုံတဲ့ စံပြမိသားစုလေးလို့ ထင်ရပါတယ်။ ဒါပေမဲ့ တံခါးပိတ်လိုက်တာနဲ့ သူတို့မိသားစုဝင် တစ်ယောက်ချင်းစီမှာ လူမသိသူမသိ လျှို့ဝှက်ချက်တွေ ကိုယ်စီရှိနေကြပါတယ်။ ဖခင်ဖြစ်သူ ဆောဂျောင်မင်ကတော့ တက္ကသိုလ်က လေးစားရတဲ့ ပါမောက္ခတစ်ဦးဖြစ်ပေမဲ့ သူ့ရဲ့တပည့် ကျောင်းသူလေး ယွန်းဂျောင်းအပေါ်မှာ သွေးဆူပြီး တိတ်တိတ်လေး သဘောကျနေပါတယ်။ မိခင်ဖြစ်သူ ဘတ်ဟယ်ဂယောင်းကတော့ မိသားစုကို ဂရုစိုက်တဲ့ အိမ်ရှင်မတစ်ဦးဖြစ်ပေမဲ့ သူတက်နေတဲ့ ဓာတ်ပုံသင်တန်းက ဓာတ်ပုံဆရာနဲ့ အီစီကလီ ဖြစ်နေပါတယ်။ သမီးဖြစ်သူ ဆောဂျီဆူကတော့ အောင်မြင်တဲ့ ဟိုတယ်မန်နေဂျာတစ်ဦးဖြစ်ပြီး ဆရာဝန်တစ်ယောက်နဲ့ စေ့စပ်ထားပေမဲ့ ကလပ်တစ်ခုက ကောင်လေးတစ်ယောက်နဲ့ တိတ်တိတ်ပုန်း ဇာတ်လမ်းရှိနေပြန်ပါတယ်။ သားဖြစ်သူ ဆောဂျီဟွမ်ကတော့ တက္ကသိုလ်ကျောင်းသားဖြစ်ပြီး ရည်းစားရှိနေရက်နဲ့ သူ့အဖေ စိတ်ဝင်စားနေတဲ့ ကျောင်းသူလေး ယွန်းဂျောင်းကိုပဲ အနောက်ကနေ လိုက်ကြောင်နေပါတယ်။ မိသားစုဝင်အားလုံး အိမ်အပြင်ဘက်မှာ ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်နေကြပြီး ဒီလျှို့ဝှက်ချက်တွေ အိမ်ပေါ်ကို ရောက်လာတဲ့အခါ ပြီးပြည့်စုံတဲ့ မိသားစုလေး ဘယ်လို ဗြောင်းဆန်သွားမလဲဆိုတာကို ရယ်မောဖွယ်ရာ တင်ဆက်ထားပါတယ်။ ဒီကားကတော့ မိသားစုနဲ့အတူ မကြည့်ရှုသင့်တဲ့ 19+ဆန်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း