The Woman in the White Car
နှင်းတွေထူထဲစွာကျနေတဲ့မနက်ခင်းမှာ ဒိုဂယောင်းလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်က ဓားထိုးခံထားရတဲ့သူ့အစ်မဖြစ်သူကို ဆေးရုံဆီခေါ်လာခဲ့ပါတယ်။ ဒိုဂယောင်းမှာက စိတ်ကစဉ့်ကလျားရောဂါရှိပြီး ခဲအိုလောင်းဖြစ်သူ ချွဲဂျောင်မန်းက သူနဲ့သူ့အစ်မဖြစ်သူကို အခုလိုအနိုင်ကျင့်လိုက်တာလို့ ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။ တကယ်တော့ ဓားထိုးခံရသူက ဒိုဂယောင်းရဲ့အစ်မမဟုတ်နေခဲ့ပါဘူး။ ဒိုဂယောင်းရဲ့အစ်မအရင်းကတော့ ဆေးရုံက သူနာပြုတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ဒီအမှုကို မသင်္ကာနေသူ ရဲအရာရှိ ဂင်ဟျွန်းဂျူက ဒီအမှုကို ထဲထဲဝင်ဝင်လိုက်စစ်ဆေးပါတော့တယ်။ ဒိုယောင်းက အစ်မလို့ခေါ်နေတဲ့သူက ဘယ်သူဖြစ်မလဲ? ဒိုဂယောင်းပြောတာတွေက အမှန်တွေလား? လိမ်နေတာဖြစ်မလားဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုကြရမှာပါ။ ဒီကားဟာ သာမန် Mystery ကားတွေထက် ပိုပြီး စိတ္တဗေဒဆန်တဲ့ ဘက်ကို သွားပါတယ်။ လူတစ်ယောက်ရဲ့ စိတ်အခြေအနေနဲ့ အမှန်တရားကို ဘယ်လိုပုံဖော်သလဲဆိုတာကို စိတ်ဝင်စားစရာ တင်ဆက်ထားပါတယ်။ ကိုရီးယား Thriller ကားကောင်းတွေကိုမှ ကြိုက်တတ်တယ်ဆိုရင်တော့ ဒီကားဟာ ကြည့်ရှုသင့်တဲ့ စာရင်းထဲမှာ ပါဝင်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း