ဇာတ်ကားများ ရွေးရန်

The Prodigal Son

1981ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက်မှာတော့ ဟောင်ကောင် Kung Fu / Martial Arts ကားကြိုက်နှစ်သက်သးတွေအတွက် "The Prodigal Son 1981" ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်။ ဇာတ်လမ်းအကျဉ်း တရုတ်ပြည် ဖော်ရှန်းမြို့မှာ လျန်ချန်းဆိုတဲ့ အမွေဆက်ခံသူ သူဌေးသားတစ်ယောက်ရှိပါတယ်။ လျန်ချန်းဟာ ငယ်ငယ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့သူဖြစ်တာကြောင့် မြို့ထဲမှာ အတိုက်အခိုက်ဘုရင်ဆိုတဲ့ နာမည်ကို ရရှိထားသူဖြစ်ပြီး ဘယ်သူနဲ့ပြိုင်ပြိုင် မရှုံးဖူးတဲ့အတွက် သူ့ကိုယ်သူ တကယ့် သိုင်းပညာရှင်လို့ ယုံကြည်နေပါတယ်။ ဒါပေမဲ့ သူ့အဖေက သားဖြစ်သူအရှက်မကွဲဖို့အတွက် ပြိုင်ဘက်တွေကို ပိုက်ဆံပေးပြီးတမင်ရှုံးခိုင်းထားတာကို လျန်ချန်းတစ်ယောက် သိရှိသွားတဲ့အခါမှာတော့ သူ့ရဲ့အတုယောင်ဂုဏ်ပုဒ်ကြောင့် အရှက်ရသွားပြီး သိုင်းပညာရှင်အစစ်အမှန်ဖြစ်တဲ့ လော့ဖုန်းနျန်ပြဇာတ်အဖွဲ့မှ လျန်ယီထိုက်ထံ တပည့်အဖြစ်နေထိုင်နိုင်ရန် အပြင်းအထန်ကြိုးစားပါတော့တယ်။လျန်ချန်းဟာ လျန်ယီထိုက်နောက်သို့လိုက်ပါကာ သူ့ဘဝကို အသစ်တဖန် ပြန်လည်စတင်ပြီး သိုင်းပညာဆိုတာ လူအထင်ကြီးဖို့မဟုတ်ဘဲ ကိုယ့်စိတ်ကို ထိန်းနိုင်ဖို့ဆိုတဲ့ အဓိပ္ပါယ်ကို တဖြည်းဖြည်းနားလည်လာခဲ့ပါတယ်။ထို့ကြောင့် သူဟာ မာနကြီးတဲ့ သူဌေးသားတစ်ယောက်အဖြစ်မှ ရင့်ကျက်တဲ့လူတစ်ယောက်အဖြစ် တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။သို့‌သော် တစ်နေ့ သိုင်းလောကထဲမှ အင်အားကြီးပြိုင်ဘက်တစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပြီး ထိုပြိုင်ဘက်ကြောင့် သူ့ဆရာလျန်ယီထိုက်သေဆုံးသွားရတဲ့အခါတော့... လျန်ချန်းဟာ သူ့ဆရာအတွက် ထိုပြိုင်ဘက်နှင့်ရင်ဆိုင်ရန် အကြောင်းဖန်လာပါတော့တယ်.... ဒီဇာတ်ကားလေးဟာဆိုရင်တော့ အက်ရှင်ခန်းတွေအပြင် ဇာတ်ကောင်၏ ပြောင်းလဲမှုတွေကိုပါ သဘာဝကျကျရိုက်ကူးထားတာတာကြောင့် ကွန်ဖူးကားနှစ်သက်သူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း