ဇာတ်ကားများ ရွေးရန်

Sivakaasi

2005ဇာတ်ကားBlu-ray 1080p

ဒီတစ်ခါ ပရိသတ်ကြီးကို လတ်တလောဝန်ကြီးဖြစ်သွားတဲ့ မင်းသာဗီဂျေးရဲ့ တောင်ပိုင်းဇာတ်ကားဟောင်းလေးတစ်ခုကို ပြန်တင်ဆက်ပေးချင်ပါတယ် ဗီဂျေးပရိသတ်တွေအတွက် သီချင်းတွေအကတွေမြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ချင်တဲ့သူတွေအတွက် အလွမ်းပြေဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ချင်နိုင်းမြို့က ဆီဗာကာစီနဲ့ ဟီမာတို့ရဲ့ အချစ်ဇာတ်လမ်းကနေ စတင်ထားတာပါ။ ဒါပေမဲ့ ဟီမာ့မိသားစုရဲ့ အထင်သေးမှုကို ခံရပြီးနောက်မှာတော့ ဆီဗာကာစီဟာ သူ့ရဲ့အတိတ်ကို ပြောပြလိုက်ပါတော့တယ်။ တကယ်တော့ သူ့ရဲ့ဘဝအမှန်ကဘာလဲ။ ဘာလို့ ဒီလိုမျိုး လက်လုပ်လက်စားဘဝနဲ့ပဲ ဖြတ်သန်းနေတာလဲ။ သူ့မိသားစုကဘယ်သူတွေလဲ....သူ့ဘဝမှန်ကိုပြန်ရဖို့ဘာတွေပြန်လုပ်ရမှာလဲ စသည်ဖြင့် ဇာတ်ရှိန်မကျစေဘဲ ဗီဂျေးရဲ့သရုပ်ဆောင်မှုတွေနဲ့ ခံစားကြည့်ရှုရမှာပါ မိသားစုဒရာမာ အားပြိုင်မှုတွေ အကွက်ကျကျ ကစားကွက်တွေနဲ့အတူ နောက်ဆုံးမှာ ဗီဂျေးတစ်ယောက် မိသားစုနဲ့ ပြန်လည်ဆုံဆည်းပြီး သူ့ရဲ့အချစ်ရေးကိုရော အောင်မြင်အောင် စွမ်းဆောင်နိုင်မလားဆိုတာ အားပေးကြည့်ရှုကြပါဦးခင်ဗျာ

ဇာတ်လမ်းအကြောင်း