ဇာတ်ကားများ ရွေးရန်

Beast

2026ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမှာတော့ အားကစားလောကရဲ့ ပြင်းထန်တဲ့ အားပြိုင်မှုတွေကြားကနေ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစရာကောင်းတဲ့ Sports/Action ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကတော့ သွေးပူစေမယ့် MMA ထိုးပွဲတွေနဲ့အတူ ညီအစ်ကိုသံယောဇဉ်နဲ့ မိသားစုကို ကာကွယ်လိုစိတ်တွေအကြောင်းကိုပါ ထိထိမိမိ ရိုက်ပြထားတဲ့ "Beast" ဆိုတဲ့ ဇာတ်ကားလေးပါပဲ။ ဇာတ်လမ်းလေးကတော့ ကြိုးဝိုင်းနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တဲ့၊ တစ်ချိန်က ပြိုင်ဘက်တိုင်း ကြောက်ရွံ့ခဲ့ရတဲ့ MMA ချန်ပီယံဟောင်းတစ်ယောက်ရဲ့အကြောင်းပါပဲ။ သူက သူ့ရဲ့ညီလေး အန္တရာယ်နဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ ဘဝရဲ့အရေးကြီးဆုံး တိုက်ပွဲအတွက် ကြိုးဝိုင်းထဲကို မဖြစ်မနေ ပြန်လည်ဝင်ရောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် သူ့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ နည်းပြဟောင်းနဲ့ ပြန်လည်ပူးပေါင်းပြီး သူ့ရဲသမိုင်းကို ဖျက်ဆီးပစ်ဖို့ ကြံရွယ်နေတဲ့ လက်ရှိချန်ပီယံ သရဖူဆောင်းထားသူနဲ့ နောက်ဆုံးပိတ် ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်ရတဲ့အခါမှာတော့...။ အနိုင်ရတဲ့သူကသာ အရာအားလုံးကို ပိုင်ဆိုင်နိုင်မယ့် သေရေးရှင်ရေးတိုက်ပွဲကြီးမှာ ဘယ်သူကများအနိုင်ရမလဲဆိုတာ ရင်တထိပ်ထိပ်နဲ့ ကြည့်ရှုရမှာပါ။ ဆိုတော့... အားပြိုင်မှုပြင်းထန်တဲ့ ကြိုးဝိုင်းထဲက ဖိအားတွေကြားထဲကနေ စစ်မှန်တဲ့ တာဝန်သိစိတ်နဲ့ ရှင်သန်ခြင်းအင်အားက ဘယ်လောက်အထိ ကြီးမားလဲဆိုတာကို ခံစားချင်တယ်ဆိုရင်တော့ ဒီကားလေးက သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲနော်။

ဇာတ်လမ်းအကြောင်း