Saralakkha Holmes
ဒီဇာတ်ကားလေးကတော့ နာမည်ကျော်စုံထောက်ကြီး ရှားလော့ဟုမ်း ကိုအခြေခံပြီး အိန္ဒိယဗားရှင်းနဲ့ ရိုက်ကူးထားတဲ့ စုံထောက်ကားလေးပဲဖြစ်ပါတယ်။ ဉာဏ်ရည်ထက်မြက်လွန်းပြီး သာမန်လူတွေ မမြင်နိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိတဲ့ ကောင်လေး စာရာလက္ခိုက အိန္ဒိယကနေ သူ့အစ်ကိုရှိတဲ့ အင်္ဂလန်ကို လိုက်သွားပြီးနောက် နက်နဲလွန်းတဲ့အမှုတွေကို ဖြေရှင်းနိုင်စွမ်းရှိတဲ့အတွက် ရှားလော့ဟုမ်း ဆိုပြီး နာမည်ကြီးနေသူတစ်ယောက်ပါ။ ချောင်ဒရီမိသားစုမှာ ဒဏ္ဍာရီအရ ကျိန်စာသင့်ပြီး အမွေဆက်ခံမယ့်သူတွေဟာ ခွေးရဲကြီးတစ်ကောင်ရဲ့ သတ်ဖြတ်ခြင်းကို ခံကြရတယ်ဆိုတဲ့ ကောလဟာလနဲ့ ချောင်ဒရီမိသားစုနှစ်ယောက် သေခဲ့ရပါတယ်။ အခု အမွေဆက်ခံရမယ့်သူကတော့ အမေရိကန်မှာနေတဲ့ ရှေခါ ဆိုတဲ့သူ ဖြစ်ပြီး သူက ရှားလော့ဟုမ်းထံ လာပြီး အကူအညီတောင်းချိန်မှာတော့ ဒီသေဆုံးမှုတွေရဲ့ နောက်ကွယ်က အမှန်တရားက တကယ်ပဲ ဒဏ္ဍာရီလာကျိန်စာထဲက ခွေးရဲကြီးလက်ချက်လား ဒါမှမဟုတ် တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံနေတာလားဆိုတာကို ရှားလော့ဟုမ်းရဲ့ ထက်မြက်တဲ့ ဝေဖန်သုံးသပ်ချက်တွေနဲ့ စိတ်ဝင်တစား အဖြေရှာမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ရှားလော့ဟုမ်း အဖြစ် မင်းသား Rishav Basu ၊ အာရိယန် အဖြစ် မင်းသား Arna Mukhopadhatay နဲ့ ရှေခါ အဖြစ် မင်းသား Gaurav Chakrabarty တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း