Ta Khon: The Cursed Mask
ဒီဇာတ်ကားလေးကတော့ ထိုင်းနိုင်ငံမြောက်ပိုင်းက ဖီတံခွန်ပွဲတော်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ သဲထိတ်ရင်ဖို horror ဇာတ်ကားကောင်းလေး ဖြစ်တဲ့ The Cursed Mask ဆိုတဲ့ ထိုင်းဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းက ရွာတစ်ရွာမှာ ဂျွိုင်ဆိုတဲ့ကောင်လေးက နားမကြားတဲ့ ညီမဖြစ်သူ ဂျန်ရယ် အဘွားသင်တို့နဲ့အတူ အေးချမ်းစွာ နေထိုင်လာခဲ့ပါတယ်။ ဇာတ်လမ်းအစက အဘွားသင်ကနေ စပါတယ်...အဘွားသင်က သူ့ယောက်ျား မသေခင်က ရွာသားတွေကို နတ်ကွန်းဆောက်ဖို့ သူ့ပိုင်မြေကို ခွဲပေးခဲ့ပါတယ် ဒါကို ယောက်ျားသေတော့ အဘွားသင်က မြေကို ပြန်ယူပြီး သားဖြစ်သူကို အိမ်ဆောက်ပေးခဲ့ပါတယ်။ နတ်ကွန်းပိုင်မြေကို ပြန်ယူလိုက်ကတည်းက ဂျွိုင်တို့ မိသားစု ကံဆိုး မိုးမှောင်ကျလာလိုက်တာမှ ဂျွိုင့်အဖေ သေဆုံးသွားရသည်အထိပါ... သားဖြစ်သူသေတာကို စုံစမ်းရင်း ဂျွိုင်အဘွားကိုပါ မျက်နှာဖုံး စွပ်ရက်သား သေနေတာကို တွေ့ခဲ့ရပါတယ် ။ အဖေနဲ့အဘွားသေတာကို သွေးရိုးသားရိုးမဟုတ်ဘူးဆိုပြီး လိုက်လံစုံစမ်းတဲ့ ဂျွိုင်တစ်ယောက် မျက်နှာဖုံးရဲ့ ဇစ်မြစ်ကို သိရှိသွားချိန်မှာတော့.. ဒီမျက်နှာဖုံးက အများထင်နေသလို တကယ် ကျိန်စာသင့်နေတာလား.. ဒါမှမဟုတ် ဒီမျက်နှာဖုံးနောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူက ဘယ်သူများဖြစ်မလဲ ဖီတံခွန်ပွဲတော်ကို အကြောင်းပြုပြီး လူကုန်ကူးနေတဲ့ဂိုဏ်းကို နောက်ဆုံး တွေ့ရှိသွားချိန်မှာတော့ ဘာတွေ ဆက်ဖြစ်မှာလဲ.... ဂျွိုင်တို့မိသားစု ဒီအဖြစ်ဆိုးကနေ လွတ်မြောက်ပါ့မလား ဒီအဖြစ်အပျက်နောက်ကို လိုက်နေတဲ့ သတင်းထောက်မလေး နတ်နဲ့ ဂျွိုင်တို့ ပူးပေါင်းကာ ကျိန်စာသင့်မျက်နှာဖုံးကိစ္စကို လိုက်လံစုံစမ်းရာမှာတော့.... ဒီလိုစိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ ''ကျိန်စာသင့်မျက်နှာဖုံး'' ဆိုတဲ့ ထိုင်းဇာတ်ကားကောင်းလေးကို အခုပဲ ကြည့်ရှုလိုက်ပါနော်.....
ဇာတ်လမ်းအကြောင်း