ဇာတ်ကားများ ရွေးရန်

Aladdin

1992ဇာတ်ကားအမှတ် 8/10Blu-ray 1080p

* Movie Request ထဲက ဇာတ်ကားဖြစ်ပါတယ် "ရွှေငွေရတနာတွေဆိုတာ အပြင်ပန်းအလှဆင်ရုံသက်သက်ပါ... တကယ့်တန်ဖိုးအစစ်အမှန်ဆိုတာ မသွေးရသေးတဲ့ စိန်ရိုင်းတစ်ပွင့်လို မင်းရဲ့ အတွင်းစိတ်ထားလေးပါပဲ" ဒီတစ်ခါ ပရိသတ်တွေကို တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ မှော်ဆန်တဲ့ စွန့်စားခန်းတွေနဲ့ ရင်ခုန်စရာကောင်းတဲ့ "Aladdin (အလာဒင်)" ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီကားလေးမှာဆိုရင်တော့ လမ်းဘေးကောင်လေးဘဝကနေ စိန်ရိုင်းတစ်ပွင့်အဖြစ် တန်ဖိုးဖော်ပြမယ့် လူငယ်လေး "အာလာဒင် (Aladdin)" နဲ့ နန်းတော်တံတိုင်းတွေကြားကနေ လွတ်လပ်ခွင့်ကို မြတ်နိုးတဲ့ မင်းသမီးချောလေး "ဂျက်စမင် (Jasmine)" တို့အပြင် ဆုတောင်းတွေကို ဖြည့်ဆည်းပေးမယ့် အမြဲတမ်းသွက်လက်ရွှင်လန်းနေတဲ့ "မီးခွက်စောင့်ဘီလူး (Genie)" တို့က အဓိကဇာတ်ကောင်များအဖြစ် အသက်ဝင်စွာ ပါဝင်ထားကြတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း အက်ဂရာဘာဆိုတဲ့ မြို့တော်ကြီးမှာ အာလာဒင်ဟာ သူခိုးလေးတစ်ယောက်အနေနဲ့ ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်နေရပေမဲ့ အတွင်းစိတ်ထားလေးကတော့ ရွှေလိုအဖိုးတန်တဲ့ လူငယ်လေးတစ်ယောက်ပါ တစ်ဖက်မှာလည်း မင်းသမီး ဂျက်စမင်ဟာ ဖခင်ဖြစ်သူရဲ့ အတင်းအကျပ် ခင်ပွန်းရွေးချယ်ခိုင်းမှုတွေကို မနှစ်မြို့တာကြောင့် နန်းတော်ထဲကနေ ရုပ်ဖျက်ပြီး ထွက်ပြေးလာခဲ့ပါတယ် ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် ဈေးထဲမှာ သူတို့နှစ်ယောက် ဆုံတွေ့ခဲ့ကြပြီး အာလာဒင်တစ်ယောက် မင်းသမီးလေးကို မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့ပါတယ် "ကျွန်မက အနိုင်ယူရမဲ့ ဆုလာဘ်တစ်ခု မဟုတ်ဘူး... ကျွန်မဘဝကို ကျွန်မဘာသာ ရွေးချယ်ခွင့်ရှိရမယ်" -----ဂျက်စမင်----- အာဏာမက်နေတဲ့ နန်းတွင်းအတိုင်ပင်ခံအမတ်ကြီး ဂျာဖာဟာ အံ့ဖွယ်ဂူကြီးထဲက မှော်မီးခွက်ကို ယူဆောင်ပေးဖို့ အာလာဒင်ကို လှည့်စားပြီး ခိုင်းစေခဲ့ပါတယ် ဒါပေမဲ့ မီးခွက်က အာလာဒင်ရဲ့လက်ထဲ ရောက်သွားခဲ့ပြီး ဆုသုံးဆု တောင်းခွင့်ရှိတဲ့ မီးခွက်စောင့်ဘီလူးနဲ့ တွေ့ဆုံခဲ့ရပါတယ် အာလာဒင်က ဂျက်စမင်ရဲ့ အချစ်ကိုရဖို့ မင်းသား အလီ အနေနဲ့ ဆုတောင်းပြီး နန်းတော်ကို ရောက်လာတဲ့အခါမှာတော့ ဇာတ်လမ်းက ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပါတော့တယ် "မင်းနဲ့အတူတူ လုံးဝအသစ်ဖြစ်နေတဲ့ ကမ္ဘာကြီးတစ်ခုကို အတူတူခံစားပါရစေ..." -----အာလာဒင်----- အာလာဒင်က ဂျက်စမင်ကို မှော်ကော်ဇောလေးနဲ့ ကမ္ဘာပတ်ပြရင်း သူတို့နှစ်ယောက်ရဲ့ အချစ်တွေ ပိုမိုခိုင်မာလာချိန်မှာတော့... ဂျာဖာက မှော်မီးခွက်ကို လုယူသွားပြီး အက်ဂရာဘာမြို့တော်ကြီးကို သိမ်းပိုက်ဖို့ ကြိုးစားလာပါတော့တယ် အာလာဒင်တစ်ယောက် ဘီလူးရဲ့ အကူအညီမပါဘဲ အစွမ်းထက်လှတဲ့ ဂျာဖာကို ဘယ်လို ဉာဏ်သုံးပြီး အနိုင်ယူမလဲ? ဂျက်စမင်ကရော အာလာဒင်ဟာ မင်းသားတစ်ပါးမဟုတ်ဘဲ သာမန်လမ်းဘေးကောင်လေးမှန်း သိသွားတဲ့အခါ ဘယ်လိုဆက်ဖြစ်ကြမလဲ? သူ့ရဲ့ နောက်ဆုံးဆုတောင်းကိုရော ဘာများဖြစ်မလဲ? မှော်ပညာတွေ စွန့်စားခန်းတွေ အချစ်နဲ့ သစ္စာတရားတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် "Aladdin (အာလာဒင်)" ဇာတ်ကားကောင်းလေးကိုကြည့်ရှူအားပေးကြဖို့ တိုက်တွန်းပါရစေရှင်

ဇာတ်လမ်းအကြောင်း