ဇာတ်ကားများ ရွေးရန်

Warrior

2011ဇာတ်ကားBlu-ray 1080p

ဒီတစ်ခါမှာတော့ ပြင်းထန်တဲ့ အားပြိုင်မှုတွေကြားကနေ ညီအစ်ကိုနှစ်ယောက်ရဲ့ နာကျည်းချက်တွေနဲ့ သံယောဇဉ်အကြောင်းကို လေးလေးနက်နက် ခံစားရမယ့် ဒရမ်မာကားကောင်းကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "Warrior" ဆိုတဲ့ ဇာတ်ကားလေးပါပဲ။ ဒီကားလေးကတော့ MMA ကြိုးဝိုင်းထဲက သွေးပူစရာ ထိုးသတ်ပွဲတွေနဲ့အတူ အက်ကွဲနေတဲ့မိသားစုတစ်ခုရဲ့ စိတ်ဒဏ်ရာတွေကို ထိထိမိမိ ရိုက်ပြထားတာမို့လို့ ယောက်ျားရင့်မကြီးတွေတောင် မျက်ရည်ကျရလောက်တဲ့အထိ ရင်ဘတ်ထဲထိစေမယ့် ကားလေးပါ။ ဇာတ်လမ်းလေးကတော့ အရက်သမားအဖေဖြစ်သူကြောင့် စိတ်ဒဏ်ရာကိုယ်စီနဲ့ လမ်းခွဲခဲ့ကြတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝကနေ စတင်ထားတာပါ။ ညီဖြစ်သူ တွန်မီ က အတိတ်က စစ်မြေပြင်က ဒဏ်ရာတွေနဲ့အတူ ဒေါသတွေကို ရင်မှာပိုက်ပြီး ကြိုးဝိုင်းထဲ ပြန်ဝင်လာခဲ့သလို၊ အစ်ကိုဖြစ်သူ ဘရန်ဒန် ကလည်း သူ့မိသားစုရဲ့ အကြွေးနွံကနေ ရုန်းထွက်ဖို့အတွက် အသက်နဲ့ရင်းပြီး ဆုကြေးကြီးတဲ့ MMA ပြိုင်ပွဲကြီးကို ဝင်ပြိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် သူတို့ညီအစ်ကိုနှစ်ယောက်ဟာ လူသန်းပေါင်းများစွာရဲ့ ရှေ့မှာချန်ပီယံဆုအတွက်တင်မကဘဲ သူတို့ရဲ့ အတိတ်က နာကျင်မှုတွေကိုပါ အဆုံးသတ်ဖို့ ကြိုးဝိုင်းထဲမှာ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့...။ သူတို့ရဲ့ နာကျည်းချက်တွေကြားကနေ သူနိုင်ကိုယ်နိုင် အပြီတိုက်ခိုက်ကြမလား သွေးက‌ပဲ စကားပြောပြီး တစ်ယောက်ကိုယ်တစ်‌ယောက် ခွင့်လွှတ်နိုင်မလားဆိုတာကို ရင်တထိပ်ထိပ်နဲ့ ကြိုးဝိုင်းထဲ ကိုယ်တိုင်ရောက်နေသလို ခံစားကြည့်ရှုရမှာပါနော်။

ဇာတ်လမ်းအကြောင်း