Omukade
ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ Omukadeဆိုတဲ့ အမိုက်စား CGIအထူးရိုက်ချက်တွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ Horror, Thriller, Creature Feature, Historical အမျိုးအစား ဇာတ်ကားကောင်းလေး ဖြစ်တဲ့'' အိုမူကာဒေ''ဆိုတဲ့ ထိုင်းကားလေးပဲ ဖြစ်ပါတယ်။ အိုမူကာဒေ ဆိုတာ ဂျပန်ရိုးရာပုံပြင်ထဲက မိစ္ဆာတစ်ကောင်ဖြစ်ပါတယ်။ သူ့အသိုက်ကို ကာကွယ်စောင့်ရှောက်တဲ့ ဒဏ္ဍာရီလာ ကင်းခြေများ သတ္တဝါဆန်းကြီးဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ် ထိုင်းနိုင်ငံ ဝေးလံခေါင်ဖျားတဲ့ အရပ်မှာ စစ်ပွဲလှိုင်းလုံးတွေကြားထဲ အချင်းချင်း သွေးမြေကျလုမတတ် ရန်သူဖြစ်နေကြတဲ့ ဂျပန်စစ်သားတွေ မဟာမိတ်စစ်သုံ့ပန်းတွေနဲ့ ဒေသခံထိုင်းရွာသားတွေဟာ မမျှော်လင့်ဘဲ ရှေးဟောင်းကျိန်စာသင့် မိုင်းတွင်းတစ်ခုထဲမှာ အတူတူပိတ်မိသွားကြပါတယ်။ဒီထဲမှာ ရန်ဂျာနဲ့ စနောဆိုတဲ့ကောင်မလေးလည်း အတူတူ ပိတ်မိသွားခဲ့ပါတယ်။ လွတ်လမ်းကို ရှာဖွေဖို့ ကြိုးစားနေစဉ်မှာပဲ အမှောင်ထုထဲ စိုစွတ်လှတဲ့ မိုင်းတွင်းနက်ကြီးထဲမှာ သူတို့ထက် အဆပေါင်းများစွာကြီးမားပြီး သွေးဆာနေတဲ့ အသားစား ကင်းခြေများ အိုမူကာဒေရဲ့ အမဲလိုက်တာကို ခံရပါတော့တယ်။ အသက်ရှင်ဖို့အတွက် အမုန်းတရားတွေကို ခဏဘေးဖယ်ပြီး ရန်သူချင်း လက်တွဲရမယ့်အခါမှာတော့.... ရန်ဂျာနဲ့စနောတို့နှစ်ယောက် အသားစား ကင်းခြေများကြီး အိုမူကာဒေရဲ့ ရန်ကနေ လွတ်မြောက်ပါ့မလား... ကဲ ဒီလိုစိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ အသစ်စက်စက် ထွက်ရှိလာတဲ့ သဲထိတ်ရင်ဖို အမိုက်စား CGIရိုက်ချက်တွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ Omukade(အိုမူကာဒေ) ဆိုတဲ့ ထိုင်းဇာတ်ကားကောင်းလေးကို အခုပဲ ကြည့်ရှုလိုက်ပါနော်....
ဇာတ်လမ်းအကြောင်း