Skyfire
ထျန်းဟော်ကျွန်းဟာ လှပလွန်းတဲ့ ကမ္ဘာလှည့်ခရီးသွား ပရဒိသုဘုံတစ်ခုဖြစ်သလို၊ တစ်ဖက်မှာလည်း အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ သေမင်းတမန် မီးတောင်ကြီး ရှိနေတဲ့နေရာတစ်ခုပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီမီးတောင်ပေါက်ကွဲမှုကြောင့် မိခင်ဖြစ်သူ ဆုံးရှုံးခဲ့ရတဲ့ သမီးဖြစ်သူ "ရှောင်မုန့်" ဟာ အရွယ်ရောက်လာတဲ့အခါ မီးတောင်သုတေသနပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီး၊ ထျန်းဟော်ကျွန်းက မီးတောင်ကို စောင့်ကြည့်ဖို့ "ဇူးချွဲ့စနစ်" ကို တီထွင်ခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးသမားတွေက ဘေးအန္တရာယ်ကို လျစ်လျူရှုပြီး မီးတောင်အနီးမှာ အပန်းဖြေစခန်းတွေ ဆောက်လုပ်ကာ စီးပွားရှာခဲ့ကြပါတယ်။ တစ်ရက်မှာတော့ ရှောင်မုန်း ခန့်မှန်းထားတဲ့အတိုင်း မီးတောင်ကြီးဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ရုတ်တရက် ပေါက်ကွဲပါတော့တယ်။ ဒီလို သေမင်းတမန် ချော်ရည်ပူတွေ၊ ပြာတိမ်တိုက်တွေကြားထဲမှာ ပိတ်မိနေတဲ့ သမီးဖြစ်သူ ရှောင်မုန်းကို ကယ်တင်ဖို့အတွက် ဖခင်ဖြစ်သူ ပရော်ဖက်ဆာ လီဟာ ကျွန်းပေါ်ကို ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့ ဘတွေဆက်ဖြစ်လာမလဲ .... ဘေးအန္တရာယ်ဆိုးကြီးနဲ့ ကြုံတွေ့နေရတဲ့ အချိန်မှာ ကိုယ်ကျိုးမငဲ့ဘဲ တစ်ယောက်ကိုတစ်ယောက် ကယ်တင်ကြတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကို ပေါ်လွင်အောင် ရိုက်ပြထားပါတယ်။ "နောက်ဆုံးအချိန်အထိတော့ ငါတို့တွေလက်လျှော့မှာမဟုတ်ပါဘူး" ဆိုတဲ့ စကားအတိုင်း ဇာတ်ရှိန်တက်အောင် ပုံဖော်ထားတာ တွေ့ရပါတယ်။ ဒီဇာတ်ကားဟာ အက်ရှင်ဇာတ်ကွက်ဆန်းဆန်းတွေကိုမှ အသည်းတယားယား ကြည့်ချင်တဲ့သူတွေအတွက်ရော၊ မေတ္တာဘွဲ့ ဒရမ်မာဆန်းဆန်းလေးတွေကို သဘောကျတဲ့သူတွေအတွက်ပါ လက်မလွတ်တမ်း ကြည့်သင့်တဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအစကနေ အဆုံးထိ အချိန်ပေးရကျိုးနပ်စေမယ့် ဒီတရုတ်အက်ရှင်သဘာဝဘေးအန္တရာယ်ဇာတ်ကားကြီးကို M Sub Movie Channelမှာအခုပဲ ခံစားကြည့်ရှုလိုက်ကြပါဦးဗျာ။
ဇာတ်လမ်းအကြောင်း