ဇာတ်ကားများ ရွေးရန်

Panor

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ နာမည်ကြီး ထိုင်းHorror ဇာတ်ကားကောင်းလေး ဖြစ်တဲ့ ဖနော်(Panor)ဆိုတဲ့ သွေးပျက်စရာ အောက်လမ်းပညာ မန္တန်တွေနဲ့ ကလဲ့စားချေမှုတွေကို အသားပေးရိုက်ကူးထားတဲ့ ထိုင်းသရဲကားလေးပဲ ဖြစ်ပါတယ်။ ဖ​နော်...ဖနော်ဆိုတာက ကျိန်စာဆိုးတစ်ခု လွတ်ထွက်သွားစေခဲ့တဲ့ ရွာရဲ့ရိုးရာနတ်ပူဇော်ပွဲ ကျင်းပတဲ့ ကံဆိုးမိုးမှောင်ကျတဲ့ နေ့တစ်နေ့မှာ မွေးဖွားလာခဲ့တဲ့ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ သူမကို ပတ်ဝန်းကျင်က ကြောက်ရွံ့ကြပြီး ဝိုင်းပယ်ထားကြသလို ဖ​နော်ကို ကံဆိုးမှုတွေ သယ်ဆောင်လာတဲ့ ဂြိုဟ်ကောင်မလေး အဖြစ် သတ်မှတ်ကြပါတယ်။ ဖ​နော်နဲ့ ပတ်သတ်မိသူတွေဟာ မကြာခဏဆိုသလို ရက်စက်လှတဲ့ အောက်လမ်းမှော်ပညာတွေရဲ့ သားကောင် ဖြစ်ခဲ့ရပါတယ်။ တိုက်ဆိုင်မှုတစ်ခုကြောင့် ဖနော်တစ်ယောက် မှောင်မိုက်တဲ့ အမှန်တရားတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ် ... အဲဒါကတော့ သူမ မွေးဖွားလာကတည်းက ဆိုးရွားပြင်းထန်တဲ့ ကျိန်စာတစ်ခု တိုက်ခံခဲ့ရပြီး လူတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ပြည့်နှက်နေတဲ့ ဘဝထဲကို ပိတ်မိနေအောင် ချည်နှောင်ခြင်း ခံထားရတာ ဖြစ်ပါတယ်။ ဖ​နော်ရဲ့ အလှအပနောက်မှာ ယုတ်မာတဲ့ ရွာသားတွေ အာဏာရှိသူတွေနဲ့ သူမကို ကိုယ်ထိလက်ရောက် စော်ကားဖျက်ဆီးချင်ကြတဲ့ ယောက်ျားတွေရဲ့ သားကောင် ဖြစ်ခဲ့ရပါတယ်။ မတရား နှိပ်စက်စော်ကားခံရမှုတွေက လွန်ကဲလာတဲ့အခါမှာတော့ ဖ​နော်တစ်ယောက် ဘာသာရေး ကိုယ်ကျင့်တရားတွေကို စွန့်လွှတ်ပြီး ကြောက်မက်ဖွယ် "မျက်လုံးသုံးလုံးနတ်မင်း" ရဲ့ အောက်လမ်းမှော်ပညာတွေ ကျိန်စာတွေကို အသုံးချကာ သွေးအေးအေးနဲ့ တုံ့ပြန်ကလဲ့စားချေဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဖနော် ပထမဆုံး အသက်ရှူလိုက်ကတည်းက နောက်ကွယ်ကနေ ထပ်ကြပ်မကွာ လိုက်ပါနေတဲ့ အဲဒီ ရက်စက်လှတဲ့ ကံကြမ္မာဆိုးက အမှန်တကယ်တော့ ဘာဖြစ်နေမလဲဆိုတာကိုတော့..... သတိပြုရန် ဒီဇာတ်ကားဟာ သွေးသံရဲရဲ ဇာတ်ဝင်ခန်းတွေ ထိတ်လန့်စရာဇာတ်ကွက်တွေ အများအပြား ပါဝင်တာမို့ နှလုံးရောဂါရှိသူများ ကြောက်တတ်သူများ ကလေးသူငယ်များ ကြည့်ရှုရန် လုံးဝမသင့်တော်ပါ.. အောက်လမ်းနည်းတွေနဲ့ ကလဲ့စားချေတဲ့ ထိုင်းသည်းထိတ်ရင်ဖို Horror ကားကောင်းကောင်း ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးက လုံးဝ အကြိုက်တွေ့စေမှာ အမှန်ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း