Panor 2
ဒီဇာတ်ကားလေးကတော့ နာမည်ကြီး ထိုင်း Horror ဇာတ်ကားလေးဖြစ်တဲ့ Panor 2 ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ Panor 1 မှာအောက်လမ်းပညာ အစီအရင်တွေနဲ့ ကမ္ဘာပျက်ခဲ့တဲ့ ဖနော်တစ်ယောက်..Panor 2မှာတော့ သူ့ရဲ့ အောက်လမ်းအစွမ်းတွေကို စွန့်လွှတ်လိုက်ပြီး အတိတ်မေ့ကာ ဘဝသစ်ကို ပြန်စထားပါတယ်။ ဖနော်တစ်ယောက် သူမရဲ့အိပ်မက်ဖြစ်တဲ့ ဆရာမတစ်ယောက် ဖြစ်လာဖို့ ဆရာအတတ်သင်ကောလိပ်မှာ ကြိုးစားပြီး အေးချမ်းစွာ ပညာသင်ယူနေပါတယ်။ ဒါပေမဲ့ ဖနော်ရဲ့ အေးချမ်းမှုက ကြာရှည်မခံသလို အောက်လမ်း ပညာရဲ့ ကျိန်စာက လွယ်လွယ်နဲ့ မပြီးဆုံးသွားပါဘူး။ ဖနော့် ပတ်ဝန်းကျင်က ကျောင်းသားတွေက သူမရဲ့အတိတ်နဲ့ သူမကိုယ်ထဲက မျက်လုံးသုံးလုံးနတ်ဘုရားရဲ့အစွမ်းတွေကို သိရှိသွားခဲ့ပါတယ်။ ဖနော့်ရဲ့ အေးချမ်းတဲ့ဘဝလေးထဲကို မင့်ဆိုတဲ့ ကျောင်းသူလေး ဝင်ရောက်လာချိန်မှာ သူမ မေ့ပစ်ထားတဲ့ မှတ်ဉာဏ်တွေနဲ့အတူ အောက်လမ်း ပညာတွေပါ ထုတ်သုံးဖို့ ဖြစ်လာပါတော့တယ်။ ထိုင်းသရဲကားတွေရဲ့ ထုံးစံအတိုင်း အောက်လမ်းနည်းနဲ့ ပြုစားတာတွေ အင်းကွက်တက်တူးတွေ သွေးသံရဲရဲနဲ့ ရက်ရက်စက်စက် သတ်ဖြတ်တဲ့ ဇာတ်ဝင်ခန်းတွေ အများကြီးပါဝင်တာမို့ ကြောက်တတ်သူများ နှလုံးရောဂါရှိသူများ ကလေးသူငယ်များ ဆင်ခြင်ပြီး ကြည့်ရှုပါရန်... သဲထိတ်ရင်ဖို ကြိုက်တဲ့ Horror fan တွေအတွက် လက်မလွှတ်သင့်တဲ့ ထိုင်းဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း