ဇာတ်ကားများ ရွေးရန်

Girl

2025ဇာတ်ကားBlu-ray 1080p

ဒီတစ်ခါတော့ M-sub Movieမှကြည့်ရှုသူတွေအတွက် ထိုင်ဝမ်မင်းသမီးရှု့ချီ ကိုယ်တိုင်ဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးထားသော "GIRL 2025" ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိသားစု‌ကြောင့်ရတဲ့ စိတ်ဒဏ်ရာက လူတစ်ယောက်ရဲ့စိတ်ကို ဘယ်လိုပြောင်းလဲစေသလဲ...? လူငယ်တစ်ယောက်ရဲ့ဘဝမှာ နားလည်ပေးမယ့်သူတစ်ယောက်ကို ဘယ်လောက်တောင်လိုအပ်သလဲ...? ဇာတ်လမ်းအညွှန်း လင်းရှောင်လီဆိုတဲ့ အထက်တန်းကျောင်းသူကောင်မလေးဟာ အပြင်ပန်းမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နေတတ်ပေမယ့် အတွင်းစိတ်ထဲမှာတော့ အမြဲဖိနှိပ်ခံထားရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့အိမ်က နွေးထွေးမှုကင်းမဲ့ပြီး ဖခင်ဖြစ်သူဟာလည်း ဒေါသကြီးကာ အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ကျူးလွန်လေ့ရှိပါတယ်။ အမေကလည်း ဘဝကို ပင်ပင်ပန်းပန်းရုန်းကန်နေရတာကြောင့် သမီးဖြစ်သူကို အပြည့်အဝမကာကွယ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။တစ်နေ့မှာတော့ အဲဒီလို ခက်ခဲနေတဲ့လင်းရှောင်လီရဲ့ဘဝထဲကို လီလီဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာတယ်။ လီလီက လင်းရှောင်လီနဲ့ ဆန့်ကျင်ဘက်ပုံစံဖြစ်ပြီး လွတ်လပ်ကာ ပျော်ပျော်ပါးပါးနေတတ်သူဖြစ်ပါတယ်။ ထိုမှတစ်ဆင့် လင်းရှောင်လီဟာ လီလီကြောင့် သူမမြင်ဖူးတဲ့ လောကတစ်ခုကို စတင်တွေ့လာရပြီး လူငယ်ဘဝရဲ့ ပျော်ရွှင်မှုတွေ အိပ်မက်တွေ လွတ်လပ်ပျော်ရွှင်မှုတွေကို စတင်ခံစားတတ်လာတဲ့ အချိန်မှာတော့...... ဒီဇာတ်ကားလေးဟာဆိုရင်တော့ လူငယ်ဘဝရဲ့ နာကျင်မှု မိသားစုစိတ်ဒဏ်ရာနဲ့ လွတ်မြောက်ချင်တဲ့စိတ်ကို နက်နက်ရှိုင်းရှိုင်းပုံဖော်ရိုက်ကူးပြသထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း