ဇာတ်ကားများ ရွေးရန်

The Hero: Love Story of a Spy

2003ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ အိန္ဒိယထောက်လှမ်းရေးအေဂျင်စီအရာရှိဖြစ်တဲ့ အာရွန်က အိန္ဒိယ-ပါကစ္စတန် နယ်စပ်မှာ အကြမ်းဖက်သမားတွေရဲ့ နျူကလီးယားလက်နက် တည်ဆောက်မယ့် အစီအစဉ်ကို ဖော်ထုတ်ဖို့ လျှို့ဝှက်ထောက်လှမ်းရေးအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အာရွန်က ‌ဗိုလ်ကြီး ရာဗီဘာထရာ အဖြစ် အသွင်ယူပြီး ပါကစ္စတန်နယ်စပ်မှာ ထောက်လှမ်းရေးကွန်ရက်တစ်ခု တည်ဆောက်ရာကနေ ရေရှ်မာ ဆိုတဲ့ မိန်းကလေးနဲ့ တွေ့ဆုံပြီး ချစ်ကြိုက်သွားကြတယ်။ အချစ်ထက် တာဝန်ကို ဦးစားပေးတဲ့ အာရွန်က ရေရှ်မာကိုပါ သူလျှိုလုပ်ခိုင်းပြီး ရန်သူ့နယ်ထဲ သွားခိုင်းခဲ့တဲ့အခါ ထင်မှတ်မထားတဲ့တိုက်ခိုက်မှုကြောင့် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သေသွားကြပြီအထင်နဲ့ ဝေးကွာသွားခဲ့ကြတယ်။ အာရွန်တစ်ယောက် မပြီးဆုံးသေးတဲ့မစ်ရှင်အတွက် ကနေဒါကိုသွားရင် ရေရှ်မာနဲ့ ဘယ်လို ပြန်ဆုံကြမလဲ အဆုံးမှာ ချစ်သူနှစ်ယောက် ပေါင်းဖက်ရပါ့မလားဆိုတာ ကြည့်ရှုရမယ့် ရို့မန့်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဗိုလ်ကြီးအာရွန် အဖြစ် မင်းသား Sunny Deol ၊ ရေရှ်မာ အဖြစ် မင်းသမီး Preity Zinta နဲ့ ရှာဟင်း အဖြစ် မင်းသမီး Priyanka Chopra တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း