We Still Kill the Old Way
* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် "မင်းတို့က ခေတ်သစ်နည်းလမ်းနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ချင်တယ်ဆိုရင်... ငါတို့က လမ်းဟောင်းအတိုင်း သွေးကြွေးပြန်ဆပ်ပြမယ်" အစ်ကိုဖြစ်သူရဲ့ သေဆုံးမှု ညီအစ်ကို သံယောဇဉ် ခေတ်ဟောင်းနဲ့ ခေတ်သစ် လူမိုက်ဂိုဏ်းတွေကြားက ပြင်းထန်တဲ့ အားပြိုင်မှုတွေ ရောယှက်နေပြီး ကြည့်ရှုသူတွေကို ဆွဲဆောင်မဲ့ သည်းထိတ်ရင်ဖို Action/Crime ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့ We Still On The Old Way နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ကတော့ စပိန်မှာ အေးအေးချမ်းချမ်း အနားယူနေတဲ့ ခေတ်ဟောင်း လူမိုက်ကြီး ရစ်ချီ (Richie) ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ အစ်ကိုဖြစ်သူ ချာလီ (Charlie) ဟာ လန်ဒန်မြို့က E2 ဆိုတဲ့ လူငယ်လမ်းသရဲဂိုဏ်းတစ်ခုရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။ နာကျင်စရာအကောင်းဆုံးကတော့ အစ်ကိုဖြစ်သူရဲ့ ဈာပနကို ပြန်လာတဲ့အချိန်မှာ ရဲတွေဘက်ကလည်း တရားခံတွေကို ဖမ်းဆီးပေးနိုင်ခြင်းမရှိဘဲ ဥပဒေက လက်မမီနိုင်အောင် ဖြစ်နေတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့... ရစ်ချီရဲ့ နှလုံးသားထဲမှာ ကလဲ့စားချေလိုစိတ်တွေ တောက်လောင်လာပါတော့တယ်။ အနှစ်နှစ်ဆယ်ကြာ အေးချမ်းစွာ နေထိုင်ခဲ့ပြီးနောက်... ရစ်ချီဟာ အရင်ခေတ်တုန်းက သူနဲ့အတူ လက်တွဲခဲ့တဲ့ လန်ဒန်မြို့က ခေတ်ဟောင်း လူမိုက်ကြီးတွေဖြစ်တဲ့ အာသာ၊ ဘွတ်ချ် နဲ့ ရွိုင်း တို့ကို ပြန်လည်စုစည်းလိုက်ပါတော့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က တစ်ခုတည်း... အဲဒါကတော့ ချာလီရဲ့ သွေးကြွေးကို သွေးနဲ့ ပြန်ဆပ်ဖို့နဲ့ ဥပဒေက မပေးနိုင်တဲ့ တရားမျှတမှုကို သူတို့နည်း သူတို့ဟန်နဲ့ ရှာဖွေဖို့ပါပဲ။ "မင်းတို့ရဲ့ မျိုးဆက်က ဘယ်တော့မှ အရေးနိမ့်မှာမဟုတ်ဘူးလို့ ထင်နေကြတာ... ငါတို့က အဲဒီထင်မြင်ချက်ကို ရိုက်ချိုးပြမယ်" ရက်စက်ကြမ်းကြုတ်ပြီး အင်အားကြီးမားတဲ့ E2 လူငယ်ဂိုဏ်းကို အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ခေတ်ဟောင်းလူမိုက်ကြီးတွေက သူတို့ရဲ့ အစီအစဉ်အတိုင်း အပိုင်ဖမ်းပြီး လက်စားချေနိုင်ပါ့မလား... ခေတ်သစ် လက်နက်တွေ၊ အင်အားတွေကြားထဲမှာ သူတို့ရဲ့ "လမ်းဟောင်း" (Old Way) အတိုင်း လက်စားချေမဲ့ နည်းလမ်းတွေက အရင်လို ထက်မြက်ပါဦးမလား... ဒါမှမဟုတ် သွေးကြွေးအတွက် သူတို့ရဲ့ အသက်တွေကိုပါ ထပ်မံစတေးလိုက်ရမလား... ဆိုတာတွေကိုတော့ "လမ်းဟောင်းက လူမိုက်ကြီးများ" We Still On The Old Way ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာဖြစ်ပါတယ်ရှင်။
ဇာတ်လမ်းအကြောင်း